Zawgyi
အပိုင်း (၅၃၃) – သူကကျွန်တော့်ဆရာ
ရှီမာယူယူ၏ အဖြေကို ဖန်ရူယန် မအံ့သြတော့ပေ။ သူတို့သည် နှစ်လလောက် သိကျွမ်းပြီးဖြစ်သဖြင့် သူမကို နားလည်သည်။
သူမသာ လိုက်ချင်ပါက ထိုအချိန်များတွင် သူမ မည်သူမည်ဝါဖြစ်ကြောင်း မေးခဲ့မည်။
"မင်းမလိုက်ချင်လည်းရပါတယ် အခွင့်အရေးရှိခဲ့မယ်ဆိုရင် မင်းလာဖို့ ဖိတ်ခေါ်ပါတယ်" သူမ ပြုံးလိုက် သည် "မင်းကို ငါပေးချင်တာရှိတယ်"
သူမ ဘာပေးမလဲဆိုသည်ကို ရှီမာယူယူ မသိပေ။ သူမ ငြင်းဟန်ပြင်သောအခါ ဖန်ရူယန်သည် လက်ဆန့်ုထုတ်ကာ သူမနဖူးအား ဖိလိုက်ရာ သူမ နောက်ထပ် ရောင်ဝါတစ်မျိုးကို ခံစားလိုက်ရလေသည်။ သူမ ကိုယ်တွင်းတွင် ဖန်ကျိရှင်း၏ ရောင်ဝါ ကိုတွေ့လိုက်ရသည်။
"ဖန်မိသားစုလား" ဖန်ရူယန်သည် ဖန်ကျိရှင်း၏ ရောင်ဝါနှင့်ဆင်တူနေသဖြင့် အံ့သြသွားလေသည်။
သူမသည် ဖန်ကျိရှင်းကဲ့သို့ ရောင်ဝါတုပနိုင်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ စိုးရိမ်စွာပြော လိုက်သည် "အဒေါ်ဖန် ဘယ်လိုလုပ်လိုက်တာလဲ အဒေါ့်ရဲ့ ခန္ဓာကိုယ်က မခံနိုင် သေးဘူးလေ"
ဖန်ရူယန်သည် လက်မြောက်ကာ စကားဆက်မပြောရန် တားလိုက်သည် "ငါ့ ဝိဥာဉ်စွမ်းအင်က အရမ်း သန်မာတယ်ဆိုတာ မင်းသိမှာပါ၊ အဲတော့ ငါ့ကို အဲလောက်နဲ့ အကျိုး မသက်ရောက်နိုင်ပါဘူး၊ ဒါပေမဲ့ ငါ သိချင် တာက မင်း စိတ်ထဲမှာတွေးနေတာက ဘယ်သူလဲ"
"ကျွန်တော့်ဆရာပါ" ရှီမာယူယူ ပြန်ဖြေလိုက်သည် "သူ့နာမည်က ဖန်ကျိရှင်းပါ သူ ယိလင်းတိုင်းပြည် ကနေ ကမ္ဘာဦးနယ်မြေတွေမသွားခင်က ဒါကို ပေးသွားတယ် အဒေါ်ဖန် ဖန်မိသားစုကိုသိလား"
သူမသည် ဖန်ကျိရှင်း၏ ကျောက်စိမ်းဆွဲပြားကိုထုတ်ပြီး ဖန်ရူယန်အားပြလိုက်သည်။
"ငါ ဖန်ကျိရှင်းကိုတော့မသိဘူး ဒါပေမဲ့ ဒီကျောက်စိမ်းပြားသီးရဲ့ ဒီဇိုင်းကို အရင်က မြင်ဖူးတယ်" ဖန်ရူယန် ပြောလိုက်သည် "အဲနှစ်တွေမှာ ငါ အတွင်းပိုင်းဒေသတွေ အပြင်ပိုင်း ဒေသတွေကို ခရီးသွားခဲ့တယ်၊ အဲတော့ ဖန်မိသားစုဝင်တွေ တချို့နဲ့တွေ့ခဲ့တယ် ဒါပေမဲ့ မင်းပြောတဲ့ ဖန်ကျိရှင်းကို ငါ တကယ်မသိဘူး"
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4
ActionBook-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြားသောလူတစ်ယောက်..... အကြောင်းတစ်ခုကြောင့် ယောက်ျားလေး...