အပိုင်း (၅၄၃) - စာမေးပွဲ (၅)

2.7K 290 0
                                    

Zawgyi

အပိုင်း (၅၄၃) – စာမေးပွဲ (၅)

ရှီမာယူယူ ပေါ်လာသည်ကို ကြည့်ပြီးအားလုံးသည် စိတ်လှုပ်ရှားကြသည်။ အထူးသဖြင့် သူမသည် ရောက်ရောက်ချင်းပင် သဲမိစ္ဆာများကို အကြောသေအောင် ထိန်းချုပ်လိုက်သည်။ သူတို့ အသက်ရှုချောင်သွားရ သည်။ သူမသည် အချိန်ကိုက်ပင်ရောက်လာလို့တော်သေးသည်။

ရှီမာယူယူသည် ဟာစွန်အား လေပေါ်တွင် ဆက်ပျံခိုင်းပြီး သူတို့ရှိနေရာနေရာနှင့် နေရာအကွာအဝေးကို တွက်ချက်ပြီးနောက် တည်ဆောက်မှုကျောက်တုံးများထုတ်ကာ တိကျသော နေရာသို့ မြှောက်ပစ်လိုက်သည်။ နောက်ဆုံးကျန်သည့် ကျောက်တုံးများကို ဟာစွန်အား ပျံသန်းပြီး ဝိဥာဉ်စွမ်းအင်ထည့်ကာ မြေပေါ်သို့ ပစ်ခိုင်း လိုက်သည်။

တည်ဆောက်မှု အသက်ဝင်လာသည်ကို မြင်ပြီးနောက် တည်ဆောက်မှု အနီးတွင်ရှိနေ သော ရှီမာယူလီ နှင့် တခြားသူများသည် အလောတကြီးပြေးကြလေသည်။ အပို့ခံရသည့် အထဲတွင် သူတို့ပါ ပါသွားပါက ဘယ်လို ဖြစ်သွားမလဲဆိုတာ မသိနိုင်ပေ။

"ဟာစွန်" ရှီမာယူယူသည် တည်ဆောက်မှုအသက်ဝင်လာသည်အထိ စောင့်ပြီး အော်လိုက်သည်။ ဟာစွန်သည် ချက်ချင်းပင် အတားအဆီးအားလွှတ်လိုက်ပြီး ထိုအဝါရောင် သဲမိစ္ဆာများသည် မလှုပ်ရှားရသေးခင် မှာပင် အဝေးသို့ အပို့ခံလိုက်ရလေသည်။

"ယူယူ အတော်ဆုံးပဲ" သဲမိစ္ဆာများ မရှိတော့သည်ကို မြင်သောအခါ ဝေကျိရွှီသည် ထိုင်ချလိုက်လေ သည်။

"ဟုတ်တယ်၊ ဒါကြီးက ငါတို့ကို လာလိမ်းပိတ်ထားတာ ကြာနေပြီ ငါတို့မိစ္ဆာပျံစီးရင် တောင် မလွတ်နိုင် ဘူး" ဖက်တီးကျူ ပြောလိုက်သည် "ယူယူ ငါတို့ဒီမှာရှိတာ ဘယ်လိုသိ တာလဲ"

"ငါတို့ ကျောက်စိမ်းတုံးကိုကြည့်လိုက်တာလေ" ရှီမာယူယူ သိချင်စိတ်ဖြင့်မေး လိုက်သည် "နင်တို့ ကျောက်ကလည်း ငါရှိတဲ့နေရာကို မပြဘူးလား မသိဘူးလို့တော့ မပြောနဲ့ေ နာ်"

အားလုံးသည် ရှီမာယူလင်းရှိရာဘက်သို့ ကြည့်လိုက်ရာ သူပခုံးတွန့်ပြပြီး ပြောလိုက် သည် "သဲမိစ္ဆာတွေ အလိုက်ခံရတော့ ပြန်တိုက်ရတာတောင် စွမ်းအင်မလောက်တာ၊ ကျောက်စိမ်းတုံးကို ကြည့်ဖို့ အချိန်ဘယ်လိုရှိ မှာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now