အပိုင်း (၅၆၄) - ပျောက်ဆုံးခြင်း

2.7K 315 6
                                    

Zawgyi


ဖန်ဟုဟန်သည် အားပါနေသည်ကို တွေ့ပြီးနောက် ဟော့ဘာဟန် သည် သူ့လက်ကိုဆွဲကာ ပြောလိုက်သည် "ဟန် စိတ်အေးအေးထား သူနာနေပြီ"

ဖန်ယုဟန်သည် ရှီမာယူယူ၏ လက်ကို လွှတ်ပြီးပြောလိုက်သည် "တောင်းပန်ပါတယ် ကျွန်တော် စိတ်လှုပ်ရှားသွားတယ်"

ရှီမာယူယူသည် နီရဲသွားသော သူမလက်ကောက်ဝတ်ကို နှိပ်နယ် ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလေသည် "ခင်ဗျား ဒီကျောက်စိမ်း ဆွဲပြားကို သိတယ်ပေါ့"

ဖန်ယုဟန်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ဟော့ဘာဟန် ဘက်လှည့်ကာ ပြောလေသည် "ဟန်၊ အပြင်ထွက်ပေးဖို့ ပြောရတော့မှာပဲ"

ဟော့ဘာဟန်သည် ဖန်ယုဟန်၏ လေးနက်သော အမူအရာကိုတွေ့ သောအခါ မတ်တပ်ရပ်ပြီး ပြောလိုက်သည် "ဒါဆို ငါမင်းကို အပြင်မှာ စောင့်မယ်"

သူ ပြောပြီးနောက် ထွက်သွားလေသည်။

ဖန်ယုဟန်သည် ကျောက်စိမ်းဆွဲပြားကို ကြည့်ပြီးပြောလေသည် "ဒီကျောက်စိမ်းပြားကို ဘယ်ကရတာလဲ"

"ဒီကျောက်စိမ်းပြားကို သိတယ်ပေါ့" ရှီမာယူယူသည် သူ့အမူအရာကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။

"ဒီကျောက်စိမ်းပြားက ကျွန်တော်တို့ ဖန်မျိုးနွယ်ပိုင်တာပဲ ဒါဘယ်ကရ တာလဲ"

ရှီမာယူယူသည် စိတ်လှုပ်ရှားနေသောသူ့ကိုကြည့်လိုက်သောအခါ သူ့ မျက်လုံးများသည် စိုးရိမ်မှု အရိပ်အယောင်လည်းရှိနေသည်ကို တွေ့သဖြင့် သူ့ကို ပြောလိုက်သည် "လူတစ်ယောက်က ကျွန်တော့်ကို ပေး ခဲ့တာ"

"ဘယ်သူလဲ အခုသူဘယ်ရောက်သွားတာလဲ" ဖန်ယုဟန်သည် မေးခွန်းများ ဆက်တိုက်မေးလေသည်။

"ဒီကျောက်စိမ်းဆွဲပြားရဲ့ အရင်းအမြစ်ကိုအရင်ပြောပြပါ၊ ဒီဟာက ခင်ဗျားပြောတာဟုတ်ရဲ့လားလို့ သိ ချင်တယ်" ရှီမာယူယူ ပြောလိုက်သည်။

"ဖန်မျိုးနွယ်ရဲ့ ပထမဇနီးရဲ့ သားတစ်ယောက်ပဲ ဒီကျောက်စိမ်း ဆွဲပြားရှိတယ်၊ ပြီးတော့ ကျောက်စိမ်း ဆွဲပြားတစ်ခုစီက လူတစ်ယောက်ရဲ့ ထူးခြားတဲ့ ပုံရိပ်ကို ကိုက်ညီအောင်လုပ်ထားတာ၊ ကျွန်တော့်တို့ မျိုးနွယ်ဝင် တွေက သူတို့ရဲ့ ကျောက်စိမ်းဆွဲပြားကို လက်လွတ်စပယ်မပေးကြဘူး၊ အခု ဒီကျောက်စိမ်းပြားဘယ်လိုရလာ တာလဲဆိုတာ ပြောပြ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Kde žijí příběhy. Začni objevovat