အပိုင်း (၅၉၉) - ကမ္ဘာမြေကြီးရဲ့မျက်လုံးက တားမြစ်နယ်မြေမှာမရှိဘူး

2.6K 297 1
                                    

Zawgyi


"ဒါဆိုရင် ရွှန်းယွမ်ဆိုင်မှာ အဲဒီဆေးပစ္စည်းတွေရှိလားလို့ စစ်ကြည့်ပေး ပါ" ရှီမာယူယူ ပြောလိုက်သည်။

ဆိုင်ရှင်သည် စာရွက်ကိုယူပြီးနောက် ဖြန့်လိုက်သည်။ သူ့တွင် အတွေ့အကြုံရှိသဖြင့် ထိုပစ္စည်းများ အကြောင်းကို သိသည်။

သူ့ပုံစံကိုကြည့်ရသည်မှာ ထိုပစ္စည်းများသည် ဈေးအလွန်ကြီးသဖြင့် သူမကို မပေးချင်ဟု ရှီမာယူယူ ထင်လိုက်သည်။

"မစိုးရိမ်ပါနဲ့ ကျွန်တော ရွှန်းယွမ်ဆိုင်က ပစ္စည်းတွေကို အလကားမယူ ပါဘူး၊ တန်ရာတန်ကြေးပေးမှာ ပါ"

"သခင်လေးယူယူ အထင်မလွဲပါနဲ့ ဒီအဘိုးကြီးက ပစ္စည်းတွေကို အံ့သြသွားရုံပါ" ဆိုင်ရှင် ရှင်းပြလေ သည်။

"ဒါဆိုရင်ရွှန်းယွမ်ဆိုင်မှာ ဒီပစ္စည်းတွေရှိလား" ရှီမာယူယူ မေးလိုက် သည်။ သူတို့ဆီမှာရှိလျှင် အဆင်ပြေ သည်။

"တချို့ကဒီမှာရှိပါတယ် တချို့ကအတွင်းပိုင်းဒေသမှာပဲရနိုင်မယ်၊ ဒါပေမဲ့ ဒီကိုပို့လိုက်လို့ရပါတယ်၊ ဒါပေမဲ့ နောက်ဆုံးပစ္စည်း၃ခုတော့ မရှိဘူး" ဆိုင်ရှင် ပြောလေသည်။

နောက်ဆုံးပစ္စည်း၃ခုမှာ ရှာရန်ခက်ကြောင်းကို ရှီမာယူယူသိသည်။ တခြားပစ္စည်းများကို စုရ၍တော် သေးသည် "တခြားဆေးပစ္စည်းတွေကို ပြင်ထားပေးပါ ကျန်တာတွေကိုတော့ ရှာပေးဖို့အတွက် လူရှာပေးပါ၊ အဲဒါ တွေကိုရှာနိုင်မယ်ဆို တန်ရာတန်ကြေးပေးမယ့်အပြင် ကျေးဇူးပါအရမ်းတင်မိ မှာပါ"

"ကောင်းပါပြီ ဒီပစ္စည်း၃ခုကို သေချာလေးဂရုစိုက်ကြည့်ပေးဖို့ ရွှန်းယွမ် ဆိုင်အကုန်လုံးကို ပြောထားပါမယ်" ဆိုရှင်ပြောလေသည် "တခြားပစ္စည်း တွေရော ဘယ်အချိန်လိုချင်လဲ"

"အားလုံးကိုမှာပြီးပြီဆိုတော့ ကျွန်တော်အလျင်မလိုပါဘူး" ရှီမာယူယူ ပြောလေသည် "ပြောပါဦးမယ် ကမ္ဘာမြေကြီးရဲ့ မျက်လုံးကိုမလိုပါဘူး တခြား၂ခုကိုသာ ကူရှာပေးပါ၊ အဲဒါတွေရှာတွေ့ရင် ကျွန်တော့်ကို ပြော ပေးပါ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now