အပိုင်း (၆၉၂) - ညီအစ်ကိုများစုဝေးခြင်း

2.2K 276 3
                                    

Zawgyi


ရှီမာယူယူ၏ အပြုံးသည် တွန့်ဆုတ်မှုမရှိပဲ ပေါ့ပါးကာ "ခင်ဗျားသိ လောက်မှာပါ" ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လေသည်။ သူမသည် အမှန်တကယ်ပင် စိတ်တိုစရာကောင်းသည်။

"ငါတို့က သူစိမ်းတွေလေ မင်းဘာတွေစဉ်းစားနေတာလဲ ငါမသိဘူး" ရှီချန်း ပြောလိုက်သည်။

"ဘာလို့မပြောနိုင်ရတာလဲ ကျွန်တော်တွေးနေတာကို ခင်ဗျားပဲပြောနိုင် တယ်ဆို" ရှီမာယူယူ ဆက်ပြုံး လေသည်။

"ဒီနေ့မင်းက ငါ့တံခါးဝရှေ့ရောက်လာတယ်ဆိုတော့ ငါနေမကောင်း တာကို အသုံးချဖို့ရောက်လာတာလို့ပဲ သိတယ်" ရှီချန်းသည် အချက်အလက် နှင့်ပြောလေသည်။

"တကယ့်ကိုဥာဏ်ပြေးတဲ့လူပဲ၊ ခင်ဗျားလိုလူနဲ့ စကားပြောရတာအချိန် မကုန်ဘူး" ရှီမာယူယူ ပြုံးနေဆဲပင် "အဲဒါကတော့ ခင်ဗျားစောင့်တာ ပိုကောင်းလိမ့်မယ်"

"ဘာကိုစောင့်ရမှာလဲ"

"ခင်ဗျား အစ်ကို၁နဲ့၂ကို"

"ငါတို့က သူတို့ကိုဘာလို့စောင့်ရမှာလဲ"

"ညီအစ်ကို ၁၀ယောက်လုံး ဒီအတွက်လာကြတာမလား" ရှီမာယူယူ ပြောလိုက်သည် "သူတို့က ခင်ဗျားရဲ့ အခြေအနေကို ဆုံးဖြတ်ပေး နိုင်မယ့် လူတွေလို့ထင်လို့"

"ငါတို့အခြေအနေဟုတ်လား ဘာအခြေအနေလဲ"

"ခင်ဗျားတို့ အစ်ကို ၁နဲ့ ၂က ဒီနေ့ပြန်လာမှာလား မနက်ဖြန် ပြန်လာမှာလား" ရှီမာယူယူ မေးလိုက်သည်။

"အစီအစဉ်အရဆိုရင် သူတို့ဒီနေ့ညပြန်လာလိမ့်မယ်" ယူရှီပြန်ဖြေလေ သည်။

"ဒါဆိုစောင့်ကြတာပေါ့" ရှီမာယူယူသည် စိုးရိမ်မှုမရှိပေ။ သူမသည် အစ်ကို ၁နှင့် ၂ပြန်ရောက်မလာခင် မဆွေးနွေးချင်ပေ "သူတို့ပြန်လာတဲ့အချိန် ကျွန်တော်တို့ထပ်လာမယ် ဘေဂုံသွားရအောင်"

"မင်းတို့သွားလို့မရဘူး" ဒိုင်ယိသည် တံခါးတွင်စောင့်နေကာ ရှီမာယူယူ တို့ သွားမည်ကိုတားလေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now