အပိုင်း (၅၃၆) - သိမ်းငှက်မျိုးနွယ်ကို နှုတ်ဆက်ခြင်း

2.6K 307 1
                                    

Zawgyi


စစ်သူကြီး လုံရိသည် တောင်ပံလေးခုဂဠုန် နှစ်ကောင်ကို ဦးဆောင်ကာ ဆောင်းဦးလ မြို့တော်သို့ ဦးတည်လေသည်။ သူတို့ဘုရင်သည် သူတို့ကို ကယ်ရန် လမ်းတွင်ရောက် နေပြီဖြစ်ကြောင်း သူသတင်းရလေ သည်။ သူတို့ အားမလျော့ပဲဆက်လုပ်ပါက သူတို့ ဘေးကင်းမည်။

သိမ်းငှက်များနှင့် ဝေးကွာလာသည်နှင့်အမျှ သူတို့ စိတ်ထဲတွင် ခါးသီးမှုများ ဝင်ရောက်ခဲ့ သည်။

ရိချုံနန်းတော်မှလူများသည် တောင်ပံလေးခုဂဠုန်များကို မုန်းတီးနေသော၊ ကျန်ရှိသော သိမ်းငှက် မျိုးနွယ်များကို ဘယ်လိုတွေ့သွားသည်လဲတော့ မသိပေ။ သူတို့သည် မြို့တော် အပြင်ဘက်တွင် ပုန်းခိုနေခဲ့ကာ သူတို့ပေါ်လာသည်နှင့် ထွက်ပြီး တိုက်ခိုက်ခဲ့သည်။

တစ်ဖက်မှ သုံးဖွဲ့ပေါင်းသည် အင်အားတောင့်ပြီး သူတို့သည် ဆယ်ကောင်မျှ သာရှိခဲ့သည်။ သူတို့သာ အားအင်အကုန်မသုံးခဲ့ပါက ဒီလောက်ကြာအောင် တောင့်ခံနိုင်မည် မဟုတ်ပေ။

ဒီလောက်ဝမ်းနည်းစရာကောင်းသော အခြေအနေကို အရင်က မတွေ့ဖူးခဲ့ပေ။

သူတို့နောက်ဆုံးတွေ့သည့်အချိန်တွင် သိမ်းငှက်ဘုရင် အသတ်ခံရသည်။ သို့သော် သိမ်းငှက်ဘုရင် မသေခဲ့ပေ။ အပြင်တွင်ရှိသော လူအားလုံး တိမ်းရှောင်နေခဲ့ရသည်။ အစွမ်းသတ္တိရှိသောသူများသည် သွေးလမ်း ကြောင်းကို ဖောက်ခဲ့ရသည်။ ထိုအချိန်မှစပြီး သိမ်းငှက်များသည် တောင်ပံလေးခုဂဠုန်များကို မုန်းတီးခဲ့ကြ သည်။ သူတို့ ခြေထောက်များကို မြင်သည်နှင့် ချက်ချင်းပင် တိုက်ခိုက်ခဲ့ကြသည်။

ရှီမာယူယူ ငှက်လေးပေါ်တွင် ထိုင်နေသည်။ လုံရိ၏ ရောင်ဝါ အားနည်းနေသည်ဟု သူပြောသည်ကို သူမ ကြားသည်နှင့် စိုးရိမ်စိတ်များဖြစ်လာသည်။

"သခင် သူတို့ ငါတို့ဘက်ကိုလာနေပြီ" ငှက်လေးသည် သူမအား သတင်းပေးလေသည်။

သူတို့သည် တိုက်ခိုက်သံများကြားရာ ထိုအသံများသည် လုံရိတို့ဘက်ဆီမှ လာခြင်းဖြစ် ကြောင်း သေချာ နေလေသည်။ ငှက်လေးသည် အရှိန်တင်လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now