အပိုင်း (၅၉၃) - မင်းဝလာသလိုပဲ

2.6K 315 0
                                    

Zawgyi


ဒီတစ်ခေါက်တွင် ဝင်ပေါက်အရွယ်အစားကို သူမ ထိန်းချုပ်၍ထင်သည် စိတ်စွမ်းအင်ကို အနည်းငယ်ပို သုံးရသည်။ ထွက်ပေါက်သည် ဝင်တုန်းက လောက် မကြာဟု သူမ ခံစားရသည်။

အချိန်မည်မျှကြာသွားသည်ကိုတော့ မသိပေ။ သို့သော် သူတို့ ထူထဲသောနံရံအား ထွက်ပြီးနောက်တွင် သူမ၏ ဝိဥာဉ်စွမ်းအင်များ အားလုံး ခြောက်သွားသည်ဟု ခံစားရသည်။

"မင်းအဆင်ပြေရဲ့လား"

ဝူလင်းယူသည် ရှီမာယူယူအား ပွေ့ချီလာခဲ့သည်။ သူမသည် ခေါင်းထဲမှ နွေးထွေးသော နတ်ဆိုး စွမ်းအင်များ စီးဆင်းသောအခါ ခေါင်းပေါ့ သွားသလိုခံစားရသည်။

"စီနီယာအစ်ကိုလား" သူမသည် တိကျစွာမေးလိုက်သည်။

"မဆိုးဘူး အနည်းဆုံးတော့ မင်းလူမမှားဘူး" ဝူလင်းယူသည် ပြုံးပြီး ပြောလိုက်သည်။

"ထွက်လာပြီလား မိုရှားရော" သူမသည် မျက်မှောင်ကြုတ်ကာ သူဖက်ထားသည်မှ ဆင်းလိုက်သည်။ သူမ မြေပေါ်သို့ရပ်လိုက်သည်နှင့် အားနည်းနေသည်ကို ခံစားမိပြီး ဝူလင်းယူအား မှီလိုက်သည်။

"သူ နတ်ဆိုးညွှတ်လက်ကောက်ဆီကိုပြန်သွားပြီလေ" ဝူလင်းယူ ပြော လိုက်သည် "မင်း ဝိဥာဉ်စေတီ ထဲသွားပြီ ခဏတော့ ပြန်နားလိုက်ဦး"

ရှီမာယူယူ ခေါင်းညိမ့်သည်။ ထို့နောက် သူ့အား ဝိဥာဉ်စေတီ အတွင်းခေါ်သွားလေသည်။

သူမသည် နားနေသည့်အချိန်တွင် အမှောင်ဝိဥာဉ်စွမ်းအင်ကို ရုတ်သိမ်း ပြီး မတူညီသော စွမ်းအင် ၅မျိုး ကို ခန္ဓာကိုယ်အတွင်း စီးဆင်းစေသည်။ သူမသည် ထင်ယောင်ထင်မှားကို အသုံးပြုကာ အဝတ်များလဲပြီးနောက် သူမ၏ ယောက်ျားလေးပုံစံကို ပြန်ပြောင်းလေသည်။

ဝူလင်းယူသည် သူမ ယောက်ျားလေးအသွင် ပြန်ပြောင်းသည်ကို ကြည့်ပြီးနောက် သူမ၏ မိန်းကလေး ပုံစံကို သတိရသွားပြီး ပြောလေသည် "ငါ ပညာရှိစံအိမ်တော်က ကိစ္စကိုမြန်မြန်ရှင်းမှထင်တယ် အဲဒါဆိုရင် မင်း ယောက်ျားလေးပုံစံ ဆက်ပြီး ဟန်ဆောင်မနေရတော့ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now