အပိုင်း (၆၃၄) - ဂိုဏ်းခြံဝန်းထဲမှ အစည်းအဝေး

2.5K 299 0
                                    

Zawgyi


"ဂျူနီယာညီလေး မင်းအခု ဆရာကိုသွားမနှောင့်ယှက်နဲ့ သူက နိုးနိုး လာချင်းဆိုရင် အရမ်းကြောက်ဖို့ ကောင်းတာ" စူရှောင်ရှောင်သည် သူမကို သတိပေးပြန်သည်။

"သူက အိပ်ရာနိုးတဲ့နေရာမှာ ပြဿနာရှိတာလား" ရှီမာယူယူ အံ့သြ သွားသည်။ သူတို့က ဝိဥာဉ်သခင် တွေရောဟုတ်ရဲ့လား။

"ဆရာက အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး နိုးလာရင်တော့ ကမ္ဘာ့ ဝမ်းနည်းစရာအကောင်းဆုံးပဲတဲ့ အဲဒါကြောင့် ငါတို့က သူ့ကိုမနက်ပိုင်းကို သွားမခေါ်ကြဘူး" စူရှောင်ရှောင်သည် အလွန်လေးနက်စွာ ပြောလေ သည်။

"ဒါဆိုလည်း ကောင်းပါပြီ ကျွန်တော် အစ်ကိုတွေနဲ့ တခြားသူတွေကို အရင်သွားတွေ့လိုက်မယ်"

"ငါမင်းကိုခေါ်သွားပေးမယ်" ရှီမာယူယူသည် အပြင်ရှိတည်ဆောက်မှု ကို သေချာမသိသေးသည်ကို သိသဖြင့် စူးရှောင်ရှောင်သည် ဦးဆောင် ခေါ်သွားပေးလေသည် "ဒီကိုဘယ်လိုဝင်ရမလဲဆိုတာကို သိအောင်လို့ ဒီ တည်ဆောက်မှုရဲ့ စည်းမျဉ်းကိုပြောပြမယ်"

"ကျေးဇူးပါ စီနီယာစူး" ရှီမာယူယူသည် ကျေးဇူးတင်စကား ပြောလေသည်။

တကယ်တော့ သူမသည် ထိုနေရာကိုဟန့်မြောင်နှင့် မနေ့ကပင် ရောက် ပြီးဖြစ်သဖြင့် ထိုနေရာပတ်ဝန်းကျင် လမ်းညွှန်ကို သိပြီးဖြစ်လေသည်။ သို့သော် စူးရှောင်ရှောင်မှာ တက်ကြွနေသဖြင့် သူ၏ စိတ်သဘောထား ကို မငြင်းဆန်သင့်ဟု ထင်သည်။ ထို့ကြောင့်ပင် သူမသည် နွေးထွေးစွာ သဘောတူလိုက်သည်။

သူမသည် ကြိုးစားသည့်ပုံပြချင်သဖြင့် မသိသလိုဟန်ဆောင်ကာ မေးခွန်း ၂ခုပင်မေးလိုက်သေးသည်။ သို့သော် သူမ လမ်းသိပြီးဖြစ်နေသည် ကို စူးရှောင်ရှောင် အံ့သြသွားသည်။

"ညီလေး ၅"

"ယူယူ"

ရှီမာယူရွှီ၊ ရှီမာယူမင်၊ ဝေကျိရွှီနှင့် ဘေဂုံထန်တို့သည် ခြံဝန်း အပြင်တွင်ရှိနေကာ သူမထွက်လာသည်ကို မြင်သည်နှင့် သူမကို လက်ရမ်း ပြလေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now