အပိုင်း (၆၂၅) - မှားယွင်းသောအချက်ပေးမှု

2.5K 304 1
                                    

Zawgyi


သူမသည် အပြင်ခြံဝန်းမှ အတွင်းခန်းသို့ပြေးသွားသော်လည်း အထဲ တွင် မည်သူမှရှိမနေပေ။

"အဘိုး အဘိုး"

"အဒေါ်လန်"

"အဒေါ်ယု ရှိကြလား"

သူမသည် တစ်အိမ်လုံးကိုပြေးလွှားသော်လည်း တစ်ယောက်မှရှိမနေ ပေ။

သူမ တစ်နေရာမှ တစ်နေရာပြေးလွှားနေသည်ကို မြင်သောအခါ ဝူလာလီသည် သူမအား ဆုပ်ကိုင်ပြီး ပြောလိုက်သည် "ဘယ်သူမှမရှိဘူး၊ ဆက်မရှာနဲ့တော့"

"အဘိုးတို့က ဘယ်လိုလုပ်ဒီမှာမရှိရတာလဲ" ရှီမာယူယူသည် စိုးရိမ်စွာ အော်လိုက်သည် "အဘိုးက အပြင်သွားတယ်ဆိုရင်တောင် အဒေါ်လန်နဲ့ အဒေါ်ယုတို့က သွားလေ့မှမရှိတာ၊ ဒီအိမ်လွတ်နေတာ တစ်ခါမှ မမြင်ဖူးဘူး၊ တစ်ခုခုများဖြစ်လို့လား"

"စိတ်အေးအေးထားပါ သူတို့လမ်းလျှောက်ထွက်တာလည်းဖြစ်နိုင်တယ်" ဝူလာလီ ပြောလိုက်သည် "သူတို့ရှိနိုင်မယ့်နေရာကို သွားရှာရအောင် မဟုတ်ရင် သူတို့ရှိမယ့်နေရာကို သိနိုင်မယ့်သူကိုသွားမေးရအောင်"

"ဟုတ်တယ် အစ်ကိုတွေကိုသွားရှာရမယ် ဒါပေမဲ့သူတို့က အတွင်း ဂိုဏ်းမှာရောက်နေကြမှာ သူတို့ကို ဘယ်မှာတွေ့ရမယ်မှန်း ကျွန်တော်မသိ ဘူး" ရှီမာယူယူ ပြောလိုက်သည် "သူတို့ အမှတ်တရစားသောက်ဆိုင်မှာ လည်းရှိနိုင်တယ်၊ ကျွန်တော်အဲကိုသွားပြီးမေးလိုက်မယ်၊ အဘိုးက အခု အဲဆိုင်ကိုတာဝန်ယူထားတာ၊ သူတို့ တစ်ခုခုဖြစ်ရင် အမှတ်တရ စားသောက်ဆိုင်ကသိမှာလဲ၊ ကျွန်တော်အခုပဲသွားမေးလိုက်မယ်"

ရှီမာယူယူသည် ဝူလာလီအား ဆွဲပြီး ပြေးထွက်လာရာ အပြင်ခြံဝန်းသို့ေ ရာက်သည်နှင့် လူတစ်စုကိုမြင် လိုက်ရလေသည်။

"အဘိုး" သူမ ချက်ချင်းပင် အပြေးရပ်သွားကာ သူ့အားကြည့် လိုက်သည်။

"ယူယူ ပြန်လာပြီလား" ဖက်တီးကျူသည် သူမဆီသို့လာပြီး ဆွဲဖက်ကာ အားရပါးရသွားဖြဲလေသည်။

"အဘိုး အဒေါ်လန် အဆင်ပြေကြရဲ့လား" ရှီမာယူယူသည် နားမလည်စွာ မျက်တောင်ခတ်လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now