အပိုင်း (၆၈၈) - တကယ့်အဖြစ်အပျက်

2.2K 277 0
                                    

Zawgyi


အပြာရောင်ဝတ်ထားသော လူကြီးသည် ခြံထဲသို့လျှောက်လာရာ မြေပေါ်ရှိ နီရဲပျားများကိုမြင်သောအခါ မျက်အိမ်ကြုံ့သွားလေသည်။

"ငါတို့က ဒီလောက်လျှို့ဝှက်တာ တစ်ယောက်ယောက်ကများ ငါတို့ကို သတိထားမိသွားတာလား" ခြံထဲ သို့ဝင်လာသော အမျိုးသား ယူရှီကပြော လိုက်သည်။

"ဒီတစ်ခါ ငါတို့လုပ်မယ့်ကိစ္စက အရင်ကတွေထက် အများကြီးပိုမြင့် တယ်၊ ငါတို့သာ မမြင်လိုက်ရင် ငါတို့လည်းသိမှာမဟုတ်ဘူး" ရှီချန်းသည် ချောင်းနှစ်ခါဆိုးပြီးပြောလိုက်သည်။

"အစ်ကို၃ နေကောင်းတာလည်းမဟုတ်ဘူး အိမ်ထဲဝင်ပြီးအနားယူ လိုက်ပါ" နီအန်းယီသည် ရှေ့တိုးပြီး ရှီချန်းအား တွဲဟန်ပြင်သော်လည်း ရှီချန်းက လက်ကိုရမ်းလိုက်သည်။

"ဝူဖန် ဘယ်လိုပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်က သိပ်မခံနိုင်တော့ဘူး" ရှီချန်း သည် ဒူးထောက်ထိုင်ကာ နီရဲပျားများကို ကောက်ပြီး လက်ချောင်းများဖြင့် ကစားကာ "ညီလေး၎ ဒါဘာလဲဆိုတာသိလား"

"သာမန်ပျားပဲလေ" နီအန်းယီ ပြောလိုက်သည်။

"ညီလေး၆ ဒါကသာမန်ပျားမဟုတ်ဘူး" ယူရှီသည် သူ့ခေါင်းကိုရိုက်ကာ ရှီချန်း၏ မေးခွန်းအားဖြေလိုက်သည် "ဒီပျားက လူတစ်ယောက်ရဲ့ ဖော် ထုတ်တာကိုရှောင်နိုင်တယ်၊ သာမန်ပျားမဟုတ်ဘူး"

"ညီလေး ၆ မင်း အစ်ကို၎ဆီက သင်သင့်တယ်၊ အရာရာကို အလွယ်မမြင်နဲ့" ရှီချန်း ပြောလိုက်သည်။

"ဒါက နေ့တိုင်းတွေ့နေရတဲ့ပျားမဟုတ်ဘူးလား ဒါဆိုဘာကြီးလဲ" နီအန်းယီ မေးလိုက်သည်။

"ဒါက တိုင်းပြည်တွေမှာပျောက်ကွယ်နေတဲ့ နီရဲပျားတွေဖြစ်လောက် တယ်" ရှီချန်းသည် ညင်သာစွာ ပြောလိုက်သည်။

"နီရဲပျားဟုတ်လား" နီအန်းယီသည် ရှီချန်းလက်ထဲမှ ပျားများကို နီရဲပျားများဟု မယုံနိုင်စွာ ရုတ်တရက်အော်လိုက်သည်။ ထို့နောက်တွင် သူ ဒူးထောက်ကာ ကောက်လိုက်ပြီး "ဒါက နီရဲပျားလား၊ နီရဲပျား တွေက အဲလောက်တန်ဖိုးရှိတာ ဘာလို့အဲလူက နောက်ယောင်ခံတဲ့နေရာမှာသုံး တာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now