အပိုင်း (၆၀၈) - လူသားတွေကိုမကြိုက်ဘူး

2.4K 325 35
                                    

Zawgyi


ရှီမာယူယူတွင် အစောင့်များမရှိသော်လည်း ဒီလောက်တည့်တိုး ဖြစ်လိမ့်မည်ဟု ဝူလာလီ ထင်မထားပေ။ သူသည် ကျေနပ်မိလေသည်။

"ဘယ်လိုနေလဲ" သူ မေးလိုက်သည်။

ရှီမာယူယူသည် သူမကိုယ်သူမခံစားကြည့်သည်။ သူမ ဝါးလိုက် သော်လည်း ဘာမှမခံစားမိပေ။

"ဘာမှမထူးခြားဘူး" သူမသည် ရိုးသားစွာဖြေလေသည်။

"ဟားဟား ရေအောက်ရောက်တာနဲ့ ခံစားမိလိမ့်မယ်" ဝူလာလီသည် ပြုံးလေသည် "သွားကြမယ် ဆင်းရအောင်"

"လေဟာပြင်ဖြတ်သန်းမှု သုံးလို့မရဘူးလား" ရှီမာယူယူသည် သူ့နောက် လိုက်လာသည်။

"ရေအောက် ဖိအားကမတူဘူး၊ လေဟာပြင်ဖြတ်လမ်းက အသုံးဝင်မှာ မဟုတ်ဘူး"

"သြော်"

လူ၂ယောက်သည် သူတို့အဝေးမှ လိုက်လာကာ စောင့်ကြပ်ပေး နေလေသည်။

"မင်းသားက တကယ်ပဲ အဲလူသားကိုရေအောက်ပုလဲပေးလိုက်တာ လား"

"မင်း မမြင်ဘူးလား"

"ဒါပေမဲ့ အဲဒါကရေအောက်ပုလဲလေ၊ တန်ဖိုးကြီးရေအောက်ပုလဲပဲ၊ မင်းသားက ဘာလို့ သူ့ကို ပေးသုံး ရတာလဲ၊ သူ့ကို ရေအောက်ပုလဲနီ ပေးတာမှ ဟုတ်သေးတယ်"

ရှီမာယူယူ စားလိုက်သော ရေအောက်ပုလဲမှာ စိမ်းပြာရောင်ဖြစ်သည်။ ထိုပုလဲစားပြီးနောက်တွင် ခန္ဓာကိုယ်အတွင်း ပုလဲရှိနေသရွေ့ကို ရေအောက် တွင် အချိန်မရွေးအသက်ရှုနိုင်မည်ဖြစ်သည်။ ရေအောက်ပုလဲ နီမှာတော့ ခေတ္တသာဖြစ်သည်။ ခန္ဓာကိုယ်အတွင်း ၁လသာ ရှိနေနိုင်သည်။ ၁လ အကြာတွင် သက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်သည်။ ရေအောက် ပုလဲနီများသည် သာမန်မဟုတ်သော်လည်း ရေအောက်ပုလဲစိမ်းပြာမှာ တော့ အလွန်ရှားပါးရာ ပင်လယ်ကြမ်းပြင်တစ်ခုလုံးတွင် အနည်းငယ်သာရှိသည်။

"မင်းသားက သူ့ကို အထူးတလည်ဆက်ဆံနေသလိုပဲ"

"အထူးတောင်မှ ရိုးရိုးအထူးမဟုတ်ဘူး၊ ကြည့်လိုက် မင်းသားက သူ့ကိုပြုံးပြနေတာ၊ မင်းသားက ငါတို့ ကိုအဲလိုပြုံးပြဖူးလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now