အပိုင်း (၇၀၃) - ဝူလေးအား အလင်းပေးခြင်း

2.2K 259 0
                                    

Zawgyi


"ကျွန်မတို့လည်း အသည်းကွဲတောင်ကြားကိုသွားခဲ့သေးတယ်၊ ကျွန်မ တို့တောင်ကြားရဲ့ အထူးဆေး တွေနဲ့တောင် တောင်ကြားအနက်ပိုင်းအထိ မဝင်နိုင်ဘူး" ကုန်ရှန်ယိ ပြောလိုက်သည်။

"အသည်းကွဲတောင်ကြားက အဆိပ်အတားအဆီးရှိတဲ့ နယ်မြေသုံးခု ထဲက တစ်ခုပဲ၊ အဲဒါကြောင့် အဲထဲ က အဆပ်ငွေ့တွေက ထူးခြားတယ်" အဒေါ်၃ ပြောလိုက်သည် "ဒါပေမဲ့ အဲလိုနေရာမှာနေတဲ့ ပိုးကောင်ဝိုင်း တွေက အဆင့်မြင့်မှာပဲ"

"တကယ်လား" ရှီမာယူယူ မျက်လုံးများအရောင်တောက်သွားသည်။ "သမီးတို့သာ နည်းလမ်းရှာပြီးသွား မယ်ဆိုရင် ပိုးကောင်ဝိုင်းတွေတွေ့ပြီး ပိုးကောင်တွေရဲ့ ပိုးမျှင်တွေရနိုင်တယ်၊ အဲအချိန်ကျရင် ငါတို့အားလုံး ဝိဥာဉ်အထည်တွေဝတ်ရင်တော့ ဟန်ရှိတော့မယ်"

"ဟီးဟီး ယူယူ ငါ နှစ်စုံလိုချင်တယ်" ဖက်တီးကျူသည် အရင်ဆုံး ပြောလာသည်။

"တော်ပြီလား ၂စုံနဲ့လောက်ပြီလား" ရှီမာယူယူ စနောက်လေသည် "အဲ အချိန်ကျရင် ငါတို့ဝိဥာဉ် ပိုးကောင်တွေမွေးပြီး လိုချင်သလောက်ရအောင် လုပ်ရမယ်"

"တကယ်တော့ဖြစ်နိုင်တယ် ဝိဥာဉ်အထည်တွေကိုလည်း ပန်းထိုးလို့ရ တယ်" အဒေါ်၃ ပြောလိုက်သည် "သူတို့ကိုသာမွေးနိုင်ရင် နောက်ကို လုပ်ငန်း တစ်ခုဖြစ်လာမှာပဲ"

"အဒေါ်၃က ဒီအပိုင်းကိုနားလည်တယ်၊ နောက်ကို ရှီမန်မိသားစုရဲ့ ဝိဥာဉ်အထည်လုပ်ငန်းကို တာဝန်ယူရမယ်" ရှီမာယူယူ ပြောလိုက်သည် "မိသားစုထဲက တခြားပန်းထိုးတဲ့လူတွေလည်း ဒီကိစ္စကြီးကနေ လွတ်လား မသိဘူး၊ အဒေါ်၃ သူတို့သာအသက်ရှိသေးလို့ ပြန်လာချင်တယ်ဆိုရင် သူတို့ဘေးကင်းမှုကို ကာကွယ်ပေးမယ်၊ သူတို့သာ သူတို့ဘဝနဲ့ သူတို့ဖြစ်နေရင်တော့ သူတို့ကို မနှောင့်ယှက်တော့ဘူး"

"ကောင်းပြီ" အဒေါ်၃ ပြန်ဖြေလေသည် "မိသားစုလိုက် ဒီကိစ္စကြီး ဖြစ်သွားတော့ သူတို့အားလုံးကို မမှီလိုက်ဘူး၊ တော်တော်များများ လွတ်သွားကြတယ်၊ သူတို့ထွက်မသွားခင်ကို နောက်ကိုနေမယ့်နေရာကို ပြောလို့ ပြောထားခဲ့တယ်၊ နောက်တော့ သွားရှာကြတာပေါ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now