အပိုင်း (၆၃၁) - ရှုဂျင်း၏ကျောင်းသားများ

2.5K 308 17
                                    

Zawgyi


ထိုရက်များတွင် ရှီမာယူယူကို စကားအများဆုံးပြောသူမှာ မာဘိုကျား ဖြစ်သည်။

"ဒါပေမဲ့ ယူယူ ဖြတ်လိုက်တဲ့လူကဘယ်သူလဲ၊ သူက လက်နက် ထုတ်လုပ်မှုဌာနက ဆရာဟုန်ရဲ့ ကျောင်းသားလို့ကြားတယ် အဲဆရာက အရမ်းကာကွယ်တတ်တာ၊ ယူယူ အဆင်ပြေပါ့မလား" ရှုယွမ်ယွမ်သည် စိုးရိမ်စွာမေးလေသည်။

"ဘာမှကြောက်စရာမရှိဘူး" ရှဲရုန်သည် ဂရုမစိုက်ပဲပြောလေသည် "ဆရာဟုန်က ဆရာရှုထက်ပိုသန်မာ လို့လား ဆရာဟုန်က သူ့ကျောင်းသား ကို ကာကွယ်တယ်ဆိုရင် ဆရာရှုကလည်းအတူတူပဲမလား၊ ဆရာရှုက သာ အတွင်းဂိုဏ်းမှာ အကာကွယ်တတ်ဆုံးဆရာဖြစ်မယ်ထင်တယ်"

"သြော် ဟုတ်သားပဲ" ရှုယွမ်ယွမ် ပြုံးလိုက်သည် "ဆရာဟုန်က ဆရာရှု လောက် မသန်မာဘူး ယူယူ အချိန်ကျရင်တော့ ဆရာရှုက အနိုင်ပိုင်းမှာပဲ မင်းအဆင်ပြေမှာပါ"

"မဆိုးဘူး အဲအချိန်ကျရင် ကျွန်တော်တို့်စမ်းကြည့်လို့ရတာပေါ့၊ ကျွန်တော့်ကို ဒီမှာပစ်ထားသွားဖို့ကို ဘယ်သူက သူ့ကိုခိုင်းတာလဲလို့" သူတို့ အကြံပေးမှုကို ရှီမာယူယူ မသေချာပေ။ သူမသည် ကိစ္စကိုဘေးပို့ထား သည်။

အတွင်းဂိုဏ်းတစ်နေရာတွင် ရှုဂျင်သည် နှုတ်ခမ်းတွန့်လိုက်သည်။ အဲကောင်လေးက တကယ်ပဲ လူတစ်ယောက်ကို မသန်မစွမ်းဖြစ်အောင်လုပ် လိုက်တာလား။ သူက လက်စလက်နရှိတာပဲ။

"ဟုန်ဖာ မင်းကျောင်းသားက တကယ်ပဲ ငါ့ကျောင်းသားကိုထိရဲတယ်၊ ဒီတစ်ခါတော့ ရှင်းဖို့မလွယ်စေရဘူး" သူသည် ဝိဥာဉ်အသီးယူပြီး ကိုက်ကာ ရေရွတ်လိုက်သည်။

ခြံဝန်းတံခါးပွင့်လာသည်။ လူကောင်ထွားပြီး အရပ်ရှည်သော လူငယ် တစ်ယောက်ဝင်လာရာ ခုံတွင် ပျင်းရိစွာ မှီနေသော ရှုဂျင်းကိုတွေ့လိုက်ရ သည်။ သူ မေးလိုက်သည် "ဆရာ ဂျူနီယာညီလေးလာနေပြီလို့ ပြော တယ်နော်၊ သူဘာလို့အခုထိမရောက်သေးတာလဲ"

"ရှောင်ရှောင် ဘာတွေလောနေတာလဲ၊ အဲကလေးက အချိန်တန် ရင်ရောက်မှာပေါ့" ရှုဂျင်းပြန်ဖြေလေ သည် "မင်းက သူ့ကိုစိတ်ပူလို့လား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now