Episode 18

702 123 25
                                    

(Unicode)

ဘတ်ဟျွန်းက ချန်ယောလ်ရဲ့ အကျင့်တစ်ချို့ကို နားမလည်ဘူး ။

အမြဲတမ်းလိုက်ပြီး သဝန်တို ချုပ်ခြယ်တတ်တာကို နားမလည်ဘူး ။

စကားပြောရင် ဘာလို့ ရိုင်းရိုင်းပြောလဲ နားမလည်ဘူး ။

ဝတ်ပြီးသားအဝတ်တွေကို ပြန်မလှန်ဘဲ ချွတ်ထားတဲ့ အတိုင်း ပြောင်းပြန် လျှော်တတ်တာကို နားမလည်ဘူး ။

ဟင်းချက်ကျွေးတဲ့အခါတိုင်း ဘတ်ဟျွန်း အကြိုက်ကိုသိနေတာတောင် အမြဲတမ်း သူ့အကြိုက်အရသာ ဟုတ်မဟုတ် မေးတတ်တာကို နားမလည်ဘူး ။

ဘတ်ဟျွန်းကြိုက်တဲ့ ဇာတ်လမ်းတွဲလာရင် ကြောင်တစ်ကောင်လို ဘတ်ဟျွန်းပေါင်ပေါ်ခေါင်းမှီရင်း နှောင့်ယှက်တတ်တဲ့အကြောင်းကို နားမလည်ဘူး ။

အကြောင်းအရင်းမရှိဘဲ ဘတ်ဟျွန်းရဲ့ နားရွက်တွေကို ဆော့ကစားရတဲ့အကြောင်း နားမလည်ဘူး ။

ဘတ်ဟျွန်း အလုပ်များလွန်းလို့ အိမ်ပြန်နောက်ကျတဲ့နေ့တွေဆို ချန်ယောလ်က အမှောင်ထဲမှာ ထိုင်ပြီး ညနက်တဲ့ထိ ရုပ်ရှင် ကြည့်နေတာနဲ့ ကြုံရတဲ့အကြောင်းကို နားမလည်ဘူး ။

မနက်စောစောထရလို့ အိပ်ငိုက်နေတဲ့အချိန် ဘတ်ဟျွန်းကို ဘေစင်ပေါ်တင်ပြီး ပိုအိပ်ချင်အောင် မုတ်ဆိတ်ရိတ်ပေးတတ်တဲ့အကြောင်းကိုနားမလည်ဘူး ။

ဘတ်ဟျွန်းမကြိုက်ဘူးလို့ပြောတဲ့ သခွားသီးကို ချန်ယောလ်ကပါ မစားရတော့တဲ့အကြောင်းကို နားမလည်ဘူး ။

ဘတ်ဟျွန်းဟာ ချန်ယောလ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှနားမလည်ခဲ့ပါဘူး ။

.
.
.

ဆေးရုံတက်တာ တစ်လကြာတဲ့နောက်မှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့တယ် ။

"အစားများများစားပြီး ဆေးကိုပုံမှန်လေးသောက်နော်...အဘွားက အမြန်ဆုံး သက်သာလာတော့မှာ ဟုတ်လား..."

ဆရာဝန်လေးက တအားကို တော်ပြီး သဘောလည်းအင်မတန်ကောင်းတာမို့ မျက်နှာလေးမြင်တာနဲ့ စိတ်ချမ်းသာရတယ်လို့ အဘွားက အမြဲ တွေးမိတယ် ။ ဆရာဝန်လေးက အမြဲ ပြုံးနေတတ်တော့ သူ့ကို ကြည့်လိုက်တာနဲ့ ပျော်ရွှင်လာတာပဲ ။

PasserbyWhere stories live. Discover now