(Unicode)
တစ်ဖက်သတ်အချစ်တဲ့ ။
ငယ်စဥ်တုန်းကတော့ အချစ်ဆိုတာ ဘာအရောင်မှမပါတဲ့ အဖြူထည်လေး ။ ကိုယ်တစ်ဖက်သတ်ချစ်ရတဲ့သူကို အဝေးကငေးမယ် ။ သူနဲ့ ဆင်တူတဲ့ အသုံးအဆောင်လေးတစ်ခုခု ၊ အရောင်လေး တစ်ခုခု တူသွားရင်တောင် ရင်ဘတ်ထဲ နွေးပြီး ကြည်နူးပျော်ရွှင်ခဲ့တဲ့ အရွယ်ပေါ့ ။
ဒုတိယအချစ်ကကျတော့ အရောင်နည်းနည်းပါလာပြီ ။ ကာလာမစုံပေမဲ့ ဟိုနည်းနည်း ဒီနည်းနည်း ရောပြီး ခံစားချက်အစုံ ၊ အတွေးပေါင်းစုံနဲ့ တော်တော်လေး ဂွကျရတဲ့ အရွယ်ပါပဲ ။
နောက်ဆုံးအချစ်ကတော့ တစ်သက်တာလုံး ဒီလူနဲ့ပဲ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ပြီး အရာအားလုံးကို အေးအတူ ပူအမျှ နားလည်မှုတွေနဲ့ တည်ဆောက်တတ်တဲ့ အရွယ် ။
ချန်ယောလ်ကတော့ ဒုတိယအချစ်ဆိုတဲ့ ဂွကျကျ အရွယ်မှာ ရောက်နေလို့ သူ့အခြေအနေကလည်း ထောင့်မကျ ပြားမကျရယ် ။ ချန်ယောလ်ရဲ့ ဂွကျတဲ့တစ်ဖက်သတ်အချစ်ကတော့ သူမပြောမဆိုနဲ့ စိတ်အလိုလိုက်ပြီး အရင်စနမ်းလိုက်လို့ အဆုံးသတ်သွားပြီလားမသိ ။
နှစ်ယောက်ကြားက အခြေအနေကောင်းနေရဲ့သားနဲ့ ချန်ယောလ်ရဲ့ မနေနိုင်မထိုင်နိုင် အနမ်းတစ်ပွင့်က အဆုံးသတ်ဖို့ကို ဦးတည်သွားတယ် ။
ပုံမှန်ဆို ဘတ်ဟျွန်းက သူ ကလူမြှူနေတာတွေကိုလည်း ပြုံးပြုံးလေးနဲ့ လက်ခံပေးခဲ့တာကြောင့် သူ့ကိုတော့ သဘောကျနေတယ်လို့ ချန်ယောလ် ထင်ခဲ့တာ ။ ဒါကြောင့်လည်း ရဲတင်းစွာနဲ့ နမ်းခဲ့တာပေါ့ ။
ဒါပေမဲ့ သူ့ကို ခါးခါးသီးသီးတွန်းထုတ်လိုက်တဲ့ လက်တစ်စုံနဲ့အတူ သူမကြားချင်ခဲ့တဲ့ စကားတစ်ခွန်းက နားထဲ ထပ်ခါထပ်ခါ ပေါ်ပေါ်လာတယ် ။
ဆောရီးတဲ့~~။ ဘာကို တောင်းပန်တာလဲ ဆိုတော့ သေချာပေါက် ချန်ယောလ် အချစ်တွေကို လက်မခံနိုင်လို့ ငြင်းဆန်တဲ့အနေနဲ့ ပြောတဲ့ စကားပေါ့ ။
"ချီးပဲ..."
ချန်ယောလ်က အိပ်ရာထက်မှာ လဲလျောင်းရင်း ခေါင်းအုံးကြီးကို ရင်ဘတ်မှာ ပိုက်ထားတယ် ။ ဘတ်ဟျွန်းသူ့ကို ဒီလိုကြီး ငြင်းလိမ့်မယ်လို့ သူထင်ထားခဲ့တာ မဟုတ်ဘူး ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun