(Unicode)
လှုပ်လှုပ်ရှားရှားအသံတွေကြောင့် နိုးလာခဲ့တဲ့ ဘတ်ဟျွန်းက အလုပ်သင်ကောင်လေးလက်ထဲက သူ့နှုတ်ထွက်စာကိုမြင်တော့ ချက်ချင်းပဲ ထထိုင်လိုက်မိသွားတယ် ။
"ဒေါက်တာ...အလုပ်ထွက်တော့မှာလား..."
အလုပ်သင်ဆရာဝန်လေးရဲ့ တအံ့တသြ ရေရွတ်သံက ဘတ်ဟျွန်းကို အောင့်သက်သက် ရယ်မိသွားစေတယ် ။
အမှန်တကယ်တော့ ဘတ်ဟျွန်းက ဒီအကြောင်းအရာကို သေချာတိကျတဲ့ အချိန်တစ်ခု မရောက်ခင်အထိ ဘယ်သူ့ကိုမှ မပြောဘဲ ထားမယ်လို့ ဆုံးဖြတ်ထားခဲ့တာ...။ ကိုယ်တိုင် ဆုံးဖြတ်ရတဲ့ ကိစ္စတွေမှာ ဘေးလူတွေ ကြိုသိသွားလည်း စိတ်မကောင်းပါဘူး...ဝမ်းနည်းပါတယ် ဆိုတဲ့ စကားတွေကလွဲပြီး အကြံပြုချက် ၊ တောင်းဆိုချက်တွေဆိုတာ ကိုယ့်ဘဝဆုံးဖြတ်ချက်ကို ဘာမှအထောက်အကူမပြုနိုင်တာမို့ ဘတ်ဟျွန်းက ပုံမှန်အားဖြင့် ဘယ်ကိစ္စမဆို ဖြစ်အောင်လုပ်ပြီးမှ အသိပေးတတ်တယ် ။ ဒါပေမဲ့ သိသွားကြရင်လည်း ဘတ်ဟျွန်းက ရည်ရွယ်ပြီး အတင်းကာရောဖုံးကွယ်ဖို့ မကြိုးစားချင်တာမို့ ။
"အင်း...အခုချက်ချင်းတော့မဟုတ်ပါဘူး..."
ဘတ်ဟျွန်းက အလုပ်သင်ဆရာဝန်လေးရဲ့လက်ထဲက နှုတ်ထွက်စာကိုပြန်ဆွဲယူလိုက်တော့ ကောင်လေးရဲ့ လက်က စာအိတ်ကို မလွှတ်ချင်လွှတ်ချင်နဲ့ ပြန်ပြီး ဆွဲထားတယ် ။
"ဘာလို့လဲ...အဆင်မပြေတာ တစ်ခုခုများ ရှိလို့လား..."
တုံ့ဆိုင်းသလို အမူအရာနဲ့ ဘတ်ဟျွန်းဆီ အမေးရှိလာတဲ့ အလုပ်သင်ဆရာဝန်လေးကို ဘတ်ဟျွန်း တစ်ချက်ကြည့်လိုက်ရင်း စာအိတ်ကို အားပါပါပြန်ဆွဲပြီး ပြုံးပြလိုက်တယ် ။
"မရှိပါဘူး...ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့်ပါ..."
"အလုပ်ထွက်ရလောက်တဲ့အထိလား...အတော်အဆင်မပြေတာလား...ကျွန်တော် ဘာကူညီပေးရမလဲ..."
ဇွဲမလျှော့ဘဲ မေးခွန်းတွေ ဆက်တိုက်ထုတ်နေတဲ့ ကောင်လေးက မစစ်ရသေးတဲ့ လူနာမှတ်တမ်းတွေထက်ပိုပြီး ဘတ်ဟျွန်း ရုတ်တရက် အလုပ်ထွက်ရတဲ့ အကြောင်းအရင်းကို ပိုစိတ်ဝင်စားနေပုံရတယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun