(Unicode)
အခုရက်ပိုင်းတွေ ဘတ်ဟျွန်း အိမ်ပြန်လာတာ တော်တော်နောက်ကျတယ် ။ ညဂျူတီဆင်းရတဲ့ နေ့တွေကို ချန်ယောလ် နားလည်ပေးနိုင်ပေမဲ့ ညဂျူတီလည်းမရှိဘဲ ဆေးရုံကို ဘာတွေ ခင်တွယ်ပြီး အိမ်ကို စောစောပြန်မလာနိုင်လဲမသိ ။ နားရက်က တစ်ပတ်မှာ တစ်ရက်ပဲ ရလည်း အဲ့တစ်ရက်ကို ဆေးရုံထပ်သွားနေတတ်တဲ့ ဘတ်ဟျွန်းကို ချန်ယောလ်ကတော့ ပြန်လာတိုင်း ပြောဆိုနေမိရော ။ ဆေးရုံအုပ်တောင်သူ့လောက် အလုပ်များမှာမဟုတ်ဘူး ။
တစ်ရက်တစ်လေဆို ချန်ယောလ် စောင့်နိုင်ပေမဲ့ ရက်တွေများလာတော့ ချန်ယောလ် အိပ်ပျော်သွားတဲ့ရက်တွေ ရှိတယ် ။ အတူစားဖို့ ညစာဝိုင်းတွေ လွတ်တယ် ။ အတူကြည့်မဲ့ အစီအစဥ်တွေ လွတ်တယ် ။ ချန်ယောလ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုမိရင် ဘတ်ဟျွန်းက အားနာတဲ့ အပြုံးလေးနဲ့ ခွင့်လွှတ်ပေးဖို့ ပြောမယ် ။ ကြာတော့ နေသားကျလာပြီ ထင်ရအောင် ချန်ယောလ်ရဲ့ တစ်နေ့တာဟာ ခေါက်ရိုးကျိုး ရလဒ်တွေပဲ ထွက်လာတော့တယ် ။
အခုလည်း ဘတ်ဟျွန်း အိမ်ပြန်နောက်ကျပြန်ပြီ ။ ချန်ယောလ်က အိပ်ရာထဲမှာ ငြိမ်ငြိမ်ကလေး လှဲနေရင်း အသံကို နားစွင့်မိတယ် ။ ဘတ်ဟျွန်းက အခန်းထဲကို ခြေသံဖွဖွနင်းရင်း ဝင်လာတယ် ။ ချန်ယောလ်နိုးမှာစိုးလို့ ဘတ်ဟျွန်းက မီးမဖွင့်ဘဲ အဝတ်လဲနေပေမဲ့ ချန်ယောလ်ကတော့ အိပ်မပျော်နိုင် ။ နာရီကို ခိုးပြီး လှမ်းကြည့်လိုက်တော့ ညဥ့်တစ်နာရီထိုးလုနီး ။
ဘတ်ဟျွန်းဆီက သက်ပြင်းချသံသဲ့သဲ့က တိတ်ဆိတ်တဲ့ညလယ်မှာ လေကိုခွင်းလာတဲ့ မြားတစ်စင်းလို ချန်ယောလ်နားထဲ ထိထိမိမိဝင်ရောက်လာတယ် ။ ဆေးရုံမှာ ပင်ပန်းလာပါလားလို့ မပြောဘဲ သူ့အသိစိတ်နဲ့သူ ချန်ယောလ်က နားလည်လိုက်ရတယ် ။
ပြန်ရောက်ပြီလား ...။ညစာစားခဲ့ပြီလား...။ ရေချိုးဦးမလား..။
ဒီလိုအရေးမပါတဲ့ မေးခွန်းတွေကို ချန်ယောလ်မေးဖို့ စိတ်ကူးမရှိဘူး ။ မေးစရာလည်းမလိုခဲ့ပါဘူး ။ ဘတ်ဟျွန်းက သူ့ဘာသာသူ ရေချိူးခန်းထဲဝင်ပြီး ရေချိုးနေပြီ ။ သူမေးလည်း ပြန်ဖြေရတာ လေကုန်တာပဲ ရှိမယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun