(Unicode)
မျက်တောင်တဖျက်ဖျက်ခတ်လို့ နိုးလာတဲ့အခါ အဖြူရောင်မျက်နှာကြက်က ချန်ယောလ်ကို ဆီးကြိုတယ် ။ ခေါင်းထဲ နောက်ကျိကျိနဲ့ မူးဝေနေခဲ့ပြီး ပိုးသတ်ဆေးနံ့က နှာခေါင်းထဲ တိုးဝင်လာတယ် ။
ခေါင်းထဲ ရှုပ်ထွေးနေတာတွေကို ခဏအနည်ထိုင်အောင် စောင့်ပြီးမှ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ သူဆေးရုံခန်းထဲ ရောက်နေမှန်း သတိထားမိတယ် ။
"နိုးပြီလား..."
ကြည်လင်ပြတ်သားတဲ့ အသံပိုင်ရှင်ဟာ ကုတင်အနားကို လျှောက်လာပြီး အကြောဆေးပိုက်ကို ကြည့်ပေးနေတယ် ။ အရင်လို အဖြူရောင် ဂျူတီကုတ် မဝတ်ထားပေမဲ့ ဆရာဝန်တစ်ယောက်ရဲ့ အငွေ့အသက် အပြည့်အဝရစေတယ် ။
ဒီပုံရိပ်လေးကို မြင်တာနဲ့တင် ချန်ယောလ်က ပြုံးလိုက်မိတယ် ။
"မင်းဆိုင်ကယ်မှောက်တာ...မှတ်မိလား..."
"အင်း..."
ချန်ယောလ် သံရှည်ဆွဲလို့ ဖြေလိုက်ရင်း စိတ်ထဲမှာ ကြိတ်ပြီး ပျော်ရွှင်နေတယ် ။ ဘတ်ဟျွန်းက အခု သူနဲ့အတူ ရှိနေပုံထောက်ရင် မသွားဖြစ်တော့ဘူးဆိုတဲ့ သဘောမလား ။
တဆစ်ဆစ်နာနေတဲ့ ဒဏ်ရာတွေအကြောင်းတောင် ခေါင်းထဲ မရှိတော့ဘူး ။ ချန်ယောလ်က ဘတ်ဟျွန်းရဲ့ ရွေးချယ်မှုနဲ့တင် နာကျင်ရတာတွေကို ပျော်ပျော်ကြီး မေ့ပစ်လိုက်နိုင်တယ် ။
"ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."
ချန်ယောလ်က ဘတ်ဟျွန်းရဲ့ မျက်နှာလေးကို ငေးကြည့်လိုက်ရင်း ရွှင်မြူးစွာနဲ့ မေးလိုက်တယ် ။ ဘတ်ဟျွန်းက အခုထိ သူ့ကို မရယ်မပြုံးဘဲ ကြည့်နေတုန်း ။
ပုံမှန်ဆို အမြဲ ရယ်နေတတ်တဲ့ ဘတ်ဟျွန်းက အခု အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေတာမို့ ချန်ယောလ် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ် ။
"ငါ့ဆီဖုန်းဝင်လို့..."
"အဲ့တာနဲ့ မသွားဖြစ်တော့ဘူးလား..."
"အင်း..."
"ခင်ဗျား စီနီယာရော.."
"ငါသူ့ကို သွားခိုင်းလိုက်တယ်..."
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun