(Unicode)
"ဆေးရုံက ဆင်းလာပြီဆိုပေမဲ့ အများကြီး လှုပ်ရှားမနေနဲ့ဦး..."
ဘတ်ဟျွန်းက ဧည့်ခန်းထဲမှာ အထုတ်တွေကို ချရင်း ဆိုဖာပေါ်ထိုင်နေတဲ့ ချန်ယောလ်ကို လှမ်းပြောတယ် ။ ဆေးရုံက ဆင်းလာပေမဲ့ မျက်နှာမှာ အမာရွတ်တချို့နဲ့ ခြေထောက်က ဒဏ်ကတော့ ပကတိ ပြန်မကောင်းလာသေး ။ ဒါကို ချန်ယောလ်က ရဲစခန်းကို အလည်တစ်ခေါက်ဆိုပြီး သတင်းသွားယူခဲ့တာမို့ ဘတ်ဟျွန်းက ပြောနေတာဖြစ်တယ် ။
"ဆေးရုံက ဆင်းခွင့် ပေးလိုက်တာ လှုပ်ရှားချင်သလို လှုပ်ရှားလို့ရပြီဆိုတဲ့ သဘောမဟုတ်ဘူးလား..."
နည်းနည်းလောက် စောဒက တက်ရမှ ကျေနပ်နိုင်တဲ့ ချန်ယောလ်က သူ့ရဲ့ ပါးစပ်လေးကို မထိန်းလိုက်နိုင်ဘူး ။ ဘတ်ဟျွန်းက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းတခါခါနဲ့ ။
ချန်ယောလ် သူ့ပါးစပ်သူ တင်းတင်းပိတ်ပြီး ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတယ် ။ ဘတ်ဟျွန်းက အခန်းထဲ ဝင်သွားပြီး ဘာလုပ်နေမှန်းမသိပေမဲ့ တော်တော်ကြာမှ ပြန်ထွက်လာတယ် ။ ချန်ယောလ်က ယောင်လည်လည်နဲ့ လုပ်စရာမရှိတာကြောင့် ဘတ်ဟျွန်းသွားသမျှ နေရာတိုင်းကိုပဲ လိုက်ကြည့်ပြီး မျက်လုံးတွေကို တရွေ့ရွေ့နဲ့ အလုပ်ပေးနေလိုက်တယ် ။
ဆေးရုံက ဆင်းလာကတည်းက လုပ်စရာမယ်မယ်ရရမရှိတဲ့ ချန်ယောလ်က ဘတ်ဟျွန်းကိုပဲ တစိမ့်စိမ့်လိုက်ကြည့်နေရတယ် ။ အရင်ကလို မနှောင့်ယှက်ဖြစ်တော့သလို လိုက်ပြီး အတင်းအကျပ် စကားမဆိုဖြစ်တော့တာ သူ့ရဲ့ အပြစ်ရှိသလို ခံစားရတဲ့ စိတ်လေး ကြောင့်လား ဝေခွဲမရ ။
ဘတ်ဟျွန်းက ချန်ယောလ်ကို ဒီအတောအတွင်း တကယ်ကို စိတ်ဆိုးနေခဲ့တယ် ထင်ပါတယ် ။ စကားကောင်းကောင်းမပြောသလို နှစ်ယောက်ကြားမှာ နံရံကြီးတစ်ခုခြားထားသလို အလွှာပါးပါး ကန့်ထားတတ်တယ် ။ ချန်ယောလ် အနားကပ်လာရင် မသိမသာ ရှောင်လွှဲတတ်သလို ညအိပ်လို့ ချန်ယောလ်ရဲ့ လက်တွေက ဘတ်ဟျွန်းကို ဖက်တွယ်ဖို့ ကြိုးစားရင်လည်း ဘတ်ဟျွန်းက သူ့ရဲ့ လက်တွေကြားက ရှောင်ထွက်သွားတတ်တယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun