Episode 20

745 119 33
                                    

(Unicode)

အဲဒီ့နေ့က ဂျယ်အာရဲ့ စျာပနကို ဘတ်ဟျွန်း မသွားခဲ့ဘူး ။ အခန်းအရှေ့ထိရောက်ပြီးမှ ဘတ်ဟျွန်းက အထဲကို ဝင်ဖို့ မဝံ့မရဲနဲ့ တုန့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ ဘတ်ဟျွန်း နောက်ကို လှည့်ပြန်ခဲ့တယ် ။ သူက ဘယ်လိုမျက်နှာမျိုးနဲ့ ဂျယ်အာရဲ့ မိသားစုကို တွေ့ရမှာလဲ ။ ကျောင်းက ဆရာတွေနဲ့ ကျောင်းသားတစ်ချို့ အထဲဝင်သွားကြတာကို သူအပြင်ကနေပဲ ရပ်ကြည့်နေမိတယ် ။

ဘာကြောင့်များ လူတွေက ဂျယ်အာ မသေခင်မှာ လျစ်လျူရှုခဲ့ကြပြီး မရှိတော့မှ စိတ်မကောင်းဖြစ်သလို လာလုပ်နေကြတာလဲ ။ သေချာပေါက် သူလည်း တစ်ယောက်အပါအဝင်ပဲပေါ့ ။ သူက ဂျယ်အာကို ပန်းတစ်ပွင့်နဲ့ ဘဝကူးကောင်းပါစေလို့ ဆုတောင်းပေးရုံနဲ့ သူ့အပြစ်တွေက ကျေပျက်သွားမှာလား ။

တစ်စုံတစ်ယောက်ရဲ့ ငိုသံတွေက စျာပနအခန်းထဲ ကျယ်လောင်စွာ ပျံ့နှံ့လို့နေတယ် ။ ဂျယ်အာက သူ့လည်ပင်းသူ ကြိုးနဲ့ မစွပ်ခင်မှာ ဘာတွေကိုများ တွေးတောခဲ့ပါသလဲ ။

ဘတ်ဟျွန်းက ငိုသံတွေကို ကြားနေရတာကြောင့်ထိန်းထားမိတဲ့ မျက်ရည်တွေက တာကျိုးသလို စီးကျလာတယ် ။ သူအထဲကို မဝင်ရဲခဲ့ဘူး ။ ဂျယ်အာရဲ့ မိသားစုကို သူမျက်နှာချင်းမဆိုင်ရဲခဲ့ဘူး ။

"တောင်းပန်ပါတယ်...တကယ် တောင်းပန်ပါတယ်.. "

ကျယ်လောင်တဲ့ တောင်းပန်သံက စျာပနခန်းထဲ ပျံ့လွင့်သွားတယ် ။ ဘတ်ဟျွန်းအထဲကို လှမ်းကြည့်လိုက်တဲ့အခါ ကလေးမလေးတစ်ယောက်က ဂျယ်အာမိသားစုရှေ့မှာ ဒူးထောက်ထိုင်လို့ ဦးခေါင်းကိုကြမ်းပြင်နဲ့ ထိရင်း တောင်းပန်နေတာကို မြင်လိုက်ရတယ် ။ ဂျယ်အာအမေက မျက်ရည်တွေကြားထဲကနေ တအံ့တသြကြည့်တယ် ။ ဘေးမှာတော့ အကုန်လုံးကို စိတ်ပျက်သလို ကြည့်နေတဲ့ ဂျယ်အာ ညီလေးရှိနေတယ် ။

"သမီးတကယ်တောင်းပန်ပါတယ်..."

"တောင်းပန်ရုံနဲ့ ငါ့သားက မသေတော့ဘူးလား...ငါ့သားက...အသက်ပြန်ရှင်လာမှာတဲ့လားး!!!"

"တောင်းပန်ပါတယ်..."

အပြိုင်အဆိုင်ငိုယိုနေကြတဲ့ လူတွေကြားမှာ ဓာတ်ပုံထဲက ဂျယ်အာကတော့ သူနဲ့မဆိုင်သလို ပြုံးရွှင်လို့ ။

PasserbyWhere stories live. Discover now