(Unicode)
"နေလည်း သေချာပြန်ကောင်းသေးတာမဟုတ်ဘဲနဲ့...ဘာတွေလုပ်နေတာလဲ..."
ဘီရိုထဲက အဝတ်တွေကို အိတ်တစ်လုံးထဲ ထည့်နေတဲ့ ဘတ်ဟျွန်းက ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ အခန်းတံခါးကို မှီရပ်ရင်း သူ့ကို ကြည့်နေတဲ့ ချန်ယောလ်ကို မြင်လိုက်ရတယ် ။ ချန်ယောလ်က အခန်းထဲကို ဝင်လာရင်း ဘတ်ဟျွန်းထိုင်နေတဲ့ ဘေးနားမှာ ဝင်ထိုင်တယ် ။
"နေကကောင်းသွားပြီလေ...ငါ့ကို ၃ ၊ ၄ရက်လောက် အိပ်ရာထဲ လဲနေမဲ့သူလို့များ ထင်နေတာလား..."
"သက်သာခါစပဲရှိသေးတာကို...ဖယ် ကျွန်တော် ထည့်ပေးမယ်..."
"မင်းဆရာဝန်လား ငါဆရာဝန်လား...ခွေးပေါက်လေး..."
ချန်ယောလ်က သူ့လက်ထဲက အဝတ်တွေကို အတင်းဆွဲယူနေလို့ ဘတ်ဟျွန်း မကျေမနပ် ပြောလိုက်ပေမဲ့ အလုပ်ရှုပ်သက်သာသွားတာကြောင့် ပျော်ပျော်ရွှင်ရွှင်ပဲ ထိုင်နေရာက ထရင်း ချန်ယောလ်ကို အဝတ်ထည့်တဲ့ကိစ္စကို တာဝန်လွှဲလိုက်တယ် ။
"ဟုတ်ပါတယ်...အစ်ကိုက ဆရာဝန်ပါ...ကျွန်တော်က ဘုမသိဘမသိလေး..."
ချန်ယောလ်ရဲ့ ရွဲ့သလို စောင်းသလို စကားသံကြောင့် ဘတ်ဟျွန်း ရယ်လိုက်ရင်း ခုတင်ပေါ်မှာ ထိုင်လိုက်တယ် ။
"နှစ်ညအိပ် သုံးရက်မဟုတ်ဘဲ တစ်ပတ်လောက်ဆိုရင်ရော ရလား"
"ရတယ်လေ .. မင်းသဘော"
စက္ကန့်ပိုင်းလောက်တောင် ကြန့်ကြာမှုမရှိဘဲ ဘတ်ဟျွန်းဆီက အဖြေပြန်ကြားရခြင်းအတွက် ချန်ယောလ်တစ်ယောက် အံ့အားသင့်နေတယ် ။ ဒါပေမဲ့ သိပ်တော့လည်း အံ့ဩသွားတာမျိုး မဟုတ်ဘူး ။
ဘာလို့ဆို လွန်ခဲ့တဲ့သုံးရက်က 'အစ်ကို ကျွန်တော်တို့ ခရီးထွက်ရအောင်' လို့ မေးခဲ့ကတည်းက ဘတ်ဟျွန်းက တုံ့ဆိုင်းမှုမရှိ၊ မေးခွန်းပြန်မထုတ်ဘဲ 'အင်း သွားကြတာပေါ့' လို့ စိတ်လိုလက်ရ ပြန်ဖြေခဲ့တာလေ ။အခုတော့ ခရီးဆောင်အိတ်ကို ရှေ့ချလို့ သွားမဲ့ခရီးအတွက် သူတို့နှစ်ယောက်အတူတူ အဝတ်အစားထည့်နေရင်း ချန်ယောလ်က ခရီးတိုကနေ ခရီးရှည်အဖြစ် ပြောင်းလဲဖို့ သွေးတိုးစမ်းလိုက်တာ ။ ဘတ်ဟျွန်းတစ်ယောက် ချက်ချင်းလက်ခံလိမ့်မယ်လို့တောင် ချန်ယောလ်မထင်ထားခဲ့ဘူး ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun