(Unicode)
ဘတ်ဟျွန်းနဲ့ ချန်ယောလ်က တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်မိရင်း အကြည့်မလွှဲမိကြဘူး ။
ပတ်ဝန်းကျင်က မီးရောင်စုံနဲ့ လူတွေအများကြီးကြားမှာ သူတို့ပဲရှိတော့သလို တစ်ယောက်ကို တစ်ယောက် မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေဖြစ်ကြတယ် ။
စားသောက်ဆိုင်ထဲကနေ ထွက်လာတဲ့လူတွေကြားထဲ ဘတ်ဟျွန်းကတော့ လူတစ်ယောက်ကို ပခုံးကနေတွဲလို့ ထွက်လာတာကြောင့် ထင်းခနဲ ။ ချန်ယောလ်က ဆိုင်ထဲကို မဝင်ဖြစ်ဘဲ နေရာမှာရပ်လို့ ဘတ်ဟျွန်းကို ကြည့်နေဖြစ်တယ် ။ ဘတ်ဟျွန်း အကြည့်တွေက သိပ်မကြာလိုက်ခင်မှာပဲ ချန်ယောလ်ဆီကို ရောက်လာတယ် ။
တစ်စက္ကန့်...နှစ်စက္ကန့်...။
အချိန်တွေ ဘယ်လောက်ကြာတဲ့အထိ သူတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်နေဖြစ်ကြလဲဆိုတာ မရေတွက်နိုင်တော့ဘူး ။"ကာရာအိုကေ...အင်း...ကာရာအိုကေ သွားဦးမယ်ဆို......"
"လာ...ကျွန်တော် တက်စီ ခေါ်ထားတယ်..."
ဘတ်ဟျွန်းနဲ့တအားနီးနီးကပ်ကပ် ဘေးကနေ တွဲထူပေးလာရတဲ့ အမျိုးသားဆီက စကားသံထွက်လာတဲ့အခါဘတ်ဟျွန်းက ချန်ယောလ်ဆီကနေ အကြည့်လွှဲသွားတယ် ။
မူးနေပုံရတဲ့ အမျိုးသားက ဘတ်ဟျွန်းနဲ့ အင်မတန်နီးကပ်နေပြီး ဘတ်ဟျွန်းကိုယ်ပေါ် အိပြိုကျလို့ ။ ချန်ယောလ် စိတ်ထဲ မကျေမနပ်ဖြစ်သွားရင်း လက်သီးတွေကိုမသိမသာ ဆုပ်လိုက်မိတယ် ။
ဘတ်ဟျွန်းအတွက် သူကလွဲရင် ဘယ်သူဖြစ်ဖြစ် အဆင်ပြေနေခဲ့တာပဲ မဟုတ်လား ။ သူမရှိလည်း တခြားတစ်ယောက်နဲ့ ရှေ့ဆက်သွားနေခဲ့မှာပဲ ။ဘတ်ဟျွန်းက အဆုံးသတ်မှာ သူ့ကို မေ့သွားပြီး ရှေ့ဆက်နိုင်ပါတယ်ဆိုတဲ့ အသိကြောင့် ချန်ယောလ်က အိပ်မက်ထဲကနေ လက်တွေ့ကို အကြမ်းပတမ်းဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရတယ် ။
"ဒေါက်တာဗြောင်...တကယ် မလိုက်တော့ဘူးလား..."
စားသောက်ဆိုင်ထဲနေ ထွက်လာတဲ့ လူသုံးလေးယောက်လောက်က ဘတ်ဟျွန်းကို လှမ်းခေါ်တော့ ဘတ်ဟျွန်းက လှည့်ကြည့်ရင်း ပြုံးပြတယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun