(Unicode)
ဒါသာ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ရင် အပြင်ဘက်မှာ မိုးတွေသည်းကြီးမည်းကြီးရွာလို့ ရာသီဥတုကပါ အစိုးမရသလို ဖြစ်နေလောက်မှာပေါ့ ။ လက်ရှိကတော့ မိုးလည်းမရွာဘဲ ကောင်းကင်ပြင်က ကြည်လင်လို့ ပြည့်ဝိုင်းနေတဲ့ လကိုတောင် မြင်နေရတယ် ။
"အေး ဂျုံဒယ်...အားကိုးပါတယ်..."
"မလိုပါဘူး...အချင်းချင်းတွေပဲ.."
တစ်ဖက်က ဖုန်းထဲကစကားသံကြောင့် ချန်ယောလ် ပြုံးလိုက်မိတယ် ။ တကယ်တော့လည်း ဒါကပြုံးနေရမဲ့အချိန်မဟုတ်သလို ငိုနေရမဲ့အချိန်လည်းမဟုတ်ဘူး ။ ပကတိကို စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အချိန်ပဲဖြစ်တယ် ။ ချန်ယောလ် ကျေးဇူးတင်စကားဆိုလိုက်တော့ ဂျုံဒယ်က ဖုန်းမချခင် တအံ့တသြနဲ့ ရယ်သွားတယ် ။
ပြတင်းပေါက်နားမှာ ဖုန်းပြောနေတဲ့ ချန်ယောလ်က မှန်ကနေတစ်ဆင့် ဧည့်ခန်းဆိုဖာမှာ ထိုင်နေတဲ့ဘတ်ဟျွန်းကို မြင်နေရတယ် ။ ဘတ်ဟျွန်းက ဖုန်းကနေတစ်ဆင့် အင်တာနက်ပေါ်က သတင်းတွေကို ဖတ်နေတယ် ။ တစ်ချက်တစ်ချက် ဘတ်ဟျွန်း မျက်နှာက မှုန်ကုပ်သွားတာကို ချန်ယောလ် ကြည့်နေမိတယ် ။
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း ရေတစ်ခွက်ခတ်လို့ ဘတ်ဟျွန်း အနားရောက်သွားတဲ့အချိန်ထိ ဘတ်ဟျွန်းက ဖုန်းမှာ အာရုံစိုက်နေတုန်းပဲ ။
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ဘတ်ဟျွန်းလက်ထဲ ချန်ယောလ်က ရေခွက် ထည့်ပေးလိုက်တယ် ။ သူ့မော့ကြည့်လိုက်တော့ ဘာအရိပ်အယောင်မှမရှိတဲ့ သာမန်ဆန်ဆန် ချန်ယောလ်ရဲ့ အကြည့်တွေနဲ့ တိုးတယ် ။
"ချန်ယောလ် ငါတကယ်မဟုတ်ဘူးနော်...ဆူယောင်းနဲ့ငါနဲ့က အဲ့သလို..."
ဘတ်ဟျွန်းက ချန်ယောလ် အထင်လွဲသွားမှာ ၊ စိတ်ဆိုးနေမှာကို သတင်းအောက်က မှတ်ချက်တွေထက်ပိုပြီး ကြောက်နေမိတယ် ။ ဘတ်ဟျွန်းကို တစ်ယောက်တည်း အိမ်ပြန်ပို့ရမှာ စိတ်မချလို့ဆိုပြီး ချန်ယောလ်က သူ့အိမ်ကိုပဲ ခေါ်လာခဲ့တာ ။ အိမ်ပြန်ရောက်ကတည်းက စကားတစ်ခွန်းမှမပြောတဲ့ ချန်ယောလ်ကြောင့် ဘတ်ဟျွန်းက ပိုပြီး စိုးရိမ်ပူပန်နေတဲ့ပုံပေါ်တယ် ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun