3

984 152 11
                                    

လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ကာ ဒုတိယထပ်သို့ လျှောက်လာသည်.....ဂနာမငြိမ်သော မျက်ဝန်းသည် ဟိုကြည့်ဒီကြည့်ဖြင့် တစ်ယောက်ယောက်လာမည်ကို စိုးရွံ့နေဟန် ခြေလှမ်းများကလည်း ခပ်သွက်သွက်နှင့်.....Alpha တွေက သိပ်ကို အနိုင်ယူတတ်သည်လေ.....

Locker ထဲမှ စုတ်တံတစ်ချို့နှင့် sketch ဆွဲသည့်စာအုပ်များကို ယူသည်.....ရုတ်တရက် အနောက်မှ ခပ်ကြမ်းကြမ်းတွန်းလိုက်တော့ ကြမ်းပြင်ပေါ်သို့ အဝတ်တစ်စလို လွင့်စင်သွားသော ခန္ဓာကိုယ်သေးသေး.....

"S.....Sam...."

မသိမသာ ရောင်နေသော Sam ၏ မျက်နှာတွင် hansaplast များစွာဖြင့်....ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲတက်လာဟန်.....

"မင်းလို အမှိုက်ကြောင့် ငါ့မျက်နှာ ဘယ်လို ဖြစ်သွားလဲ တွေ့လား...."

အရှေ့တိုးလာသော Sam ၏ ခြေလှမ်းများကြောင့် ကြမ်းပြင်ကို လက်ဖြင့်ထောက်ကာ နောက်သို့တဖြည်းဖြည်းဆုတ်သည်....

"ဟိုဘက်က locker room ထဲမှာ ပျော်ရအောင် အချစ်လေး...."

ပြူးကျယ်သွားသော မျက်ဝန်းအညိုသည် ကြမ်းပြင်ချောချောပေါ်မှ ထပြေးရန်ကြံတော့ သန်မာသော လက်များက လာရောက် ချုပ်ကိုင်သည်.....

Locker room ထဲသို့ ဆွဲခေါ်သွားသောကြောင့် ရုန်းကန်သော်လည်း အားချင်းမမျှပေ.....

သူ့အား locker room ၏ ထိပ်တွင် ဒူးထောက်ကာထိုင်စေသော လက်များသည် ပုခုံးမှ တစ်ဆင့် ဒူးများခွေခေါက်သည်အထိ ဖိချသည်.....

ထိုအခန်းထဲတွင် ကျောင်းသားတစ်ချို့က အင်္ကျီလဲရန် ဝင်လာကြရာ သူ့အားမြင်တော့ လှောင်ပြုံးတစ်ချို့ကို ဖန်တီးကြသည်.....

"ဟာ.....Sam....အသေးလေးကို ခေါ်လာပြန်ပြီ.....BJ ခိုင်းမလို့လား...."

ညစ်ညမ်းသော စကားလုံးများဖြင့် ထိုးနှက်ကြပြန်သော ထိုကျောင်းသားများ......

"BJ က နောက်မှပါ....အခု darts ပစ်ကြမယ်...."

တုန်လှုပ်ပြီးသား မျက်ဝန်းအညိုသည် ပိုမိုကြောက်လန့်လာကာ ခေါင်းကို ခါယမ်းသည်.....

ကျောင်းသားတစ်ယောက်က Darts များကို ဗူးသေးသေးထဲတွင်ထည့်၍ ယူလာကာ Sam အား ပေးသည်.....

Brown-Eyed SoulWhere stories live. Discover now