16

994 112 25
                                    

TW // Violence
Please be careful while reading.

ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားသော ပန်းချီကားချပ်များက တစ်စစီ......အသံမြည်အောင် တစ်နေရာစီ လွင့်ထွက်သွားသော စုတ်တံများနှင့်ရေဆေးပုလင်းများက ပြင်းထန်ထန်အားကြောင့်.......

"အကုန်လွှင့်ပစ်လိုက်......တစ်ခုမှ ငါ့မျက်စိရှေ့ ပေါ်မလာစေနဲ့......"

ခေါင်းမဖော်ရဲသော အစေခံများက တုန်ရီစွာ ခေါင်းညိတ်ရင်း ကြမ်းပြင်ပေါ်မှ ပျက်စီးနေသောအရာများကို လိုက်ကောက်ကြသည်.......ဆေးရောင်စုံများ ဖိတ်ကျရာ ကြမ်းပြင်ပေါ်တွင် ရပ်နေသောကောင်လေးဆီသို့ စူးရဲစွာ အကြည့်ပို့တော့ သူက တစ်ခုခုကို နောက်တွင်ဖွက်ထားဟန်......မလုံလဲသောကြောင့် ခေါင်းကိုငုံ့ထားပုံရသည်......

သွားချွန်ချွန်တို့ ယေးယေးပေါ်အောင်ပြုံးသော Alpha သည် ထိုကောင်လေးအနားသို့ကပ်သွားတော့ အကြည့်ချင်းမဆုံရဲသော ကောင်လေးက နောက်သို့တဖြည်းဖြည်းဆုတ်သည်......

"ဘာဖွက်ထားတာလဲ"

သြရှသော မေးခွန်းသံသည် ကျောရိုးတစ်လျှောက်ကို စိမ့်ထွက်သွားစေသော်လည်း ခေါင်းသာယမ်းပြသည်.....

"Jungkook.....ငါ့စိတ်ကို မဆွနဲ့....."

နောက်တွင်ဖွက်ထားသော အရာကို ဇက်ခနဲ ဆွဲလုတော့ စာရွက်ထောင့်ရှရှကြောင့် လက်ဖဝါးက သွေးယေးယေးစို့လျက်......
ထိုလူက ထိုစာရွက်ပေါ်မှ ကောင်လေးဆွဲထားရာ ပန်းချီကိုကြည့်ကာ လှောင်ရိပ်သန်းသန်းရယ်သည်.......

"တောင်တန်းတွေပါလား.....လက်ရာမြောက်လိုက်တဲ့ ပန်းချီကားပဲ....."

နှင်းများတင်ကျန်ရာ တောင်တန်းများကအစ အောက်မှ ဝန်းရံထားသော တောင်တန်းများအဆုံး အရောင်ကို လက်လီစိတ်စွာ ခြယ်သထားသော ရှုခင်းသည် ကောင်လေး၏ လက်သွယ်သွယ်များ ရှင်သန်ခဲ့ရာ ခရီးတစ်ပိုင်းတစ်စ........အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် စုတ်ဖြဲသံသာ နားထဲပျံ့လွင့်လျက် ထိုလူက မျက်ဝန်းညိုများရှေ့တွင် ထိုပန်းချီကို ဇိမ်ပြေနပြေ စုတ်ဖြဲပြသည်......

မျက်ဝန်းများရဲတက်လာသောနောက် မျက်ရည်စများက ပါးပြင်ပေါ်သို့တစ်စစီကျလျက်......အရင်က သူ့အား သေလုမတက်ရိုက်လျှင်တောင် မငိုခဲ့ဖူး.......

Brown-Eyed SoulWhere stories live. Discover now