8

850 114 11
                                    

ပြတင်းပေါက်ကျယ်မှ လိုက်ကာ ဖြူလွှလွှသည် နေရောင်ယေးယေးကြောင့် ပိုမိုပါးလှပ်နေသလို......အပြင်ဘက်ကို မခို့တရို့လှမ်းကြည့်ရာ မျက်ဝန်းဝိုင်းဝိုင်းများကို မျက်တောင်ရှည်များက ဝန်းရံလို့......ထူးခြားစွာ ကောင်လေး၏ မျက်လုံးတစ်ဖက်သည် အနီရောင်သန်းလို့.......

လည်ပင်းဟိုက်ဟိုက်အဝတ်ကို ဝတ်ထားတော့ လည်ပင်းအောက် ညှက်ရိုးနှစ်ခုဆုံရာတွင် မှဲ့ညိုညိုက နို့နှစ်ရောင်အသားပေါ်တွင် ထင်ရှားလို့.....ကလေးမျက်နှာပေါက်မပျောက်သေးသော ကောင်လေးသည် လူပျိုဖော်ဝင်စ မျက်နှာပေါက်မျိုး......

"ကိုယ်လာတာ တွေ့ရဲ့သားနဲ့ ထွက်မတွေ့ဘူး......"

အနောက်မှ ထွက်လာသော အသံရှရှကြောင့် ပုခုံးများက တုန်တက်သွားကာ လှည့်ကြည့်သည်......

"Zane က အပြင်မထွက်ရဘူးဆိုလို့ပါ......"

"ထားပါ......ဘာလို့အစာမစားတာလဲ....."

ထိုလူသည် ပြန်လာလျှင် တစ်ခုမဟုတ်တစ်ခု စစ်မေးကာ စိတ်တိုင်းမကျလျှင် ကျေနပ်သည်အထိ ရိုက်နှက်တတ်သည်......နောက်တစ်နေ့ ဘာမှ မဖြစ်ခဲ့သလို ပြန်လည်ဆက်ဆံသောထိုလူပြောနေကျစကားသည် " ချစ်လို့ လုပ်တာ" တဲ့.....

စတင်တုန်ရီလာသော ကောင်လေး၏ လက်ချောင်းများသည် အချင်းချင်းသွယ်ယှက်စော့ကစားကာ မီးခိုးရောင်မျက်ဝန်းများကို တတ်နိုင်သမျှ ရှောင်လွှဲသည်......

"အစားစားမှ ဆေးထိုးလို့ရမှာ......"

"ဆေး.....ဆေးမထိုးချင်ဘူး....."

ထစ်ခနဲ ကြည့်လာသော မီးခိုးရောင်မျက်လုံးများကို မရင်ဆိုင်ရဲသော ကောင်လေးက မသိမသာလွှဲပစ်သည်......

"ဆေးတွေက ဘာဆေးတွေလဲ ကျနော်မှမသိရတာ......"

"သိစရာ မလိုဘူးလေ......ငါက ထိုးဆိုရင်ထိုးပေါ့......"

လက်မောင်းသေးသေးကိုဆောင့်ဆွဲသောအခါ ထိုလူ၏ ခက်ထန်ထန်မျက်နှာနှင့်ပိုမိုနီးကပ်လို့......

"ငါသာ မင်းကိုမခေါ်ခဲ့ရင် မင်းက လမ်းဘေးက omega ပဲ......အဲဒီ့တောစပ်မှာ ဗုံးရှောင်ပြီး တစ်ချိန်လုံး ပြောင်းရွှေ့နေနေရတဲ့ ဘဝကို ပြန်သွားချင်တာလား......"

Brown-Eyed SoulWhere stories live. Discover now