5

927 134 10
                                    

လွယ်အိတ်ကိုဘေးစောင်းလွဲထားသော ကောင်လေးသည် ပျင်းတိပျင်းရွဲခြေလှမ်းများဖြင့် ကျောင်းထဲသို့လျှောက်လာတော့ ဘေးဝန်းကျင်မှ တီးတိုသံများက အုံထူလျက်........သူမကြာခဏကြားရသည်ကား....."ငါ့ကောင်လေးဖြစ်ရင် ဘယ်လောက်ကောင်းမလဲ.......Pure Alpha လားမသိဘူး.......မျက်လုံးအပြာတွေနဲ့......"စသဖြင့်.......သူဘာခံစားချက်မှတော့ မထားမိပါရယ်.....

အရင်ဆုံးခြေလှမ်းမိသည်က ကောင်လေးရှိရာ အငယ်တန်းဆီသို့.....ယခုအချိန်ဆို Sam တို့များ အနိုင်ကျင့်နေမည်လား ဟူသော စိတ်ဖြင့် အနုပညာဌာနဘက်သို့ လျှောက်လာသည်.......ရုတ်တရက် Mythology အတန်း၏ တံခါးဝနားမှ လှိုင်းထထ ဆံနွယ်များအားမြင်တော့ အေးစက်စက်မျက်နှာထားက ပြုံးခနဲ.......သို့သော် ပြန်၍စူးရဲသွားသော ရစ်သီရစ်သီလုပ်နေရာ လူ့အမှိုက်တစ်စု.......

သူတို့သည် အတန်း၏ အရှေ့ခုံများတွင်ဝင်ထိုင်ကာ နောက်ဆုံးတန်းမှကောင်လေးကို လှည့်ကြည့်လိုက် အကြည့်များဖြင့် ခြိမ်းခြောက်လိုက်လုပ်သည်......

ခြောက်ကပ်ကပ်ရယ်သော သူသည် ထိုအတန်းသို့သွားကာ ကောင်လေး၏ရှေ့ မလှမ်းမကမ်းခုံတွင် ခပ်တည်တည်ဝင်ထိုင်သည်.......မျက်ဝန်းအညိုသည် မသိမသာပြူးကျယ်ကာ မျက်တောင်စင်းစင်းတို့က ခပ်စိပ်စိပ်လှုပ်ရှားသည်.......ပြုံးပြတော့ ထိုကောင်လေးက တစ်ဖက်သို့လွှဲကာ စာအုပ်ကိုသာငုံ့ဖတ်သည်.......

ရှေ့က သူရဲဘောကြောင်များကို တစ်ချက်ကြည့်တော့ သူတို့က စိတ်ပျက်နေသည့်ဟန် ခေါင်းကုတ်ဖင်ကုတ်နှင့်......

"မင်းတို့သိပြီးသားဆိုပေမယ့် ဆရာက အကျယ်တဝင့်ပြန်ပြောပြမယ်......ပုံပြင်တစ်ပုဒ်အနေနဲ့ နားထောင်ပေါ့......ဆိုတော့....Mythology ထဲကအရာတိုင်းက မရှိဘူးလို့လည်း မပြောနိုင်ဘူး......"

ဆရာ၏ ရှင်းပြသံတွင် ဘာရယ်မဟုတ် လိုက်ပါစီးမြောမိသည်......

"Wolfman တွေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၅၀၀ လောက်က စာရေးသူ အယောက် ၆၀ လောက် စုပေါင်းပြီးရေးခဲ့ဖူးတဲ့ သတ္တဝါတစ်မျိုးဖြစ်တယ်......သူတို့ကတော့ အပြင်မှာတကယ်မရှိနိုင်တဲ့ ဒဏ္ဏာရီတဲ့က သတ္တဝါတွေလို့ပဲ ယူဆခဲ့တယ်.......ဒါပေမဲ့ အခု century ကျပြန်တော့ wolfman တွေက တံတိုင်းအပြင်မှာတကယ်ရှိလာတယ်.....ဒါက သာဓကပါ......."

Brown-Eyed SoulWhere stories live. Discover now