11

791 102 12
                                    

ထိုကောင်လေးကျောင်းမသွားသည်မှာ ၂ ရက်မျှရှိပြီ.....ထိုအခါ သူသိလိုက်ရသည်က ထိုကောင်လေး ဝမ်းနည်းလျှင် ဘာမှမလုပ်ဘဲ အိပ်သာအိပ်နေတတ်သောအကျင့်.....

"Jeon ငယ်....အရမ်းအိပ်ရင် ဖျားနေဉီးမယ်.....တစ်ခုခုထွက်စားပါဉီး......"

နဖူးမှစကာ ဆံနွယ်လိန်လိန်တို့အား အသာသပ်တင်ပေးရင်း တိုးတိုးပြောတော့ မျက်လုံးရဲရဲတို့က ပွင့်လာလျက်.....

"ထပ်အိပ်ဉီးမလို့လား.....ဂျုံ့ကျိုပေးထားတယ်.....ထစားပါဉီး....ညနေစောင်းနေပြီ....."

ကောင်လေးက စောင်အုံအုံထဲမှလက်ကိုထုတ်ကာ မျက်လုံးများကို ပွတ်၍....

"ကျနော် အိပ်ရင် Rell နဲ့တွေ့ရတယ်.....ဒါကြောင့် အိပ်ပဲအိပ်ချင်တာ....."

ဝမ်းနည်းနေသည့်မျက်နှာရိပ်နှင့်မပြောသော်လည်း ကောင်လေး၏ မျက်ဝန်းနောက်နောက်တို့က မှိန်ဖျော့ဖျော့......မျက်ဝန်းပြာများက ကောင်လေးအား ငေးကြည့်သည်.....

"Kim.....ကျနော် Rell နဲ့ထပ်တွေ့လို့မရတော့ဘူးလား......"

သူ၏ အဝတ်ကိုအသာဆွဲကာ မေးလာသော လေသံကြောင့် Alpha ၏ ရင်ဘတ်က အောင့်သက်သက်နှင့်......ဘာဖြေရမှန်းမသိသည့်အလျောက် တိတ်သာတိတ်ဆိတ်နေရသည့်အဖြစ်......

"ကိုယ်ရှိပါတယ် Jeon ငယ်.....မင်းမှာကိုယ်ရှိနေပါတယ်......"

လက်မောင်းသန်သန်များက ပုခုံးသေးသေးမှဆွဲဖက်တော့ ကောင်လေးက သူ၏လည်ဂုတ်နားတွင်မျက်နှာကိုအက်သည်......အချိန်ကြာမြင့်စွာ မငိုတတ်သော အေးစက်စက်ကောင်လေးက ယခုလည်းငိုနေခြင်းမဟုတ်ဘဲ သူ၏လည်ဂုတ်တွင် မျက်လုံးများကို မှေးစက်ကာ တိတ်ဆိတ်နေသည်......ကောင်လေးက တိတ်ဆိတ်မှုကိုနှစ်သက်ပုံရသည်......သူ၏အသက်ရှူလေနွေးနွေးက alpha ၏ လည်ဂုတ်သို့ တိုက်ရိုက်.....လှိုင်းထထဆံပင်အနက်များကို အသာပွတ်သပ်ပေးသော alpha က ယေးယေးပြုံးသည်......

"မင်းက သန်မာတာပဲ အငယ်....."

သူ၏အသံသြသြကြောင့် ကြည့်လာသောကောင်လေး၏မျက်ဝန်းများက မသိမသာ အံ့အားသင့်နေသလို......ချီးကျူခြင်းဆိုသည့် အရသာကိုလည်း ကောင်လေးက ကောင်းကောင်းသိပုံမရ.......

Brown-Eyed SoulWhere stories live. Discover now