၂ရက်ခန့်ကြာခဲ့ပြီ......Jeon ငယ်သည် သူရှိနေလျှင် အောက်သို့ဆင်းမလာဘဲ အခန်းထဲမှာသာနေသည်.....ကောင်လေးသူ့အား မည်မျှထိ နာကြည်းသွားသည်လဲဆိုတာကို ခန့်မှန်းမရတော့သည်အပြင် ကောင်လေး၏ inner wolf ကိုလည်း သူမဖတ်တတ်တော့ပါ.......ထိုအခါ သူသည်လည်း အိမ်မကပ်သည်မှာ ၂ ရက်မျှရှိပြီ......
"Berry သီးတွေ......ကျနော် ခူးလာတာလို့မပြောဘဲ ကျွေးလိုက်"
လေးကန်လှသော Alpha ၏ အသံသြသြကြောင့် Hoseok က မျက်လုံးပြာများကို မသိမသာ လှမ်းကာအကဲခတ်တော့မှိန်ဖျော့ဖျော့နှင့်.....အရင်လိုမဟုတ်သော ထိုကောင်၏ သစ်ချသီးရောင် ဆံပင်များသည် ခပ်လှဲလှဲ ဖရိုဖရဲနှင့် လက်မောင်းတွင်လည်း wolfman တိုက်ခိုက်ရာမှ ရရှိလာသော ပတ်တီး.......
"ငါ မင်းကိုဆူရမလား.....ချော့ပြောရမလားတောင် လမ်းပျောက်တယ်.....ကျေးဇူးပြုပြီး အပြင်ထပ်မထွက်ပါနဲ့တော့ Kim Taehyung ရ.....ပြီးရင် ညနေစာစားခံနီးမင်းအပြင်မှာသွားနေဉီးမယ်မလား......"
ငေးငိုင်ချင်သော မျက်ဝန်းပြာများသည် Hoseok ကိုကြည့်မနေသော်လည်း သူ၏စကားများကိုကြားနေရသောကြောင့် ခေါင်းသာညိတ်ပြသည်......
"ထပ်မထွက်နဲ့တော့ kim taehyung.....ငါတို့ မင်းကို ပေးမထွက်နိုင်တော့ဘူး.....ဟိုနေ့ကလို ထိခိုက်လာတာ လေးလေးသိရင် ငါတို့ ၃ ယောက်အရင် အကြိတ်ခံရမှာ...."
Yoongi ၏ အသံသြသြသည် ဆူပူနေသော အသံအနေအထား.....သို့သော် Taehyung က မထုံတလှုပ်ပြန်မပြောနားမထောင်သည့်ပုံစံ.....
"မင်းရဲ့ အငယ် အစာမစားတာ ၂ရက်ရှိပြီနော်.....အခန်းထဲကကိုထွက်မလာတာ.....ကျွေးလို့လည်းမရဘူး....."
ထိုအခါမှ လှမ်းကြည့်လာသော မျက်ဝန်းအပြာများက စိတ်ပျက်သွားဟန်.....ကလေးအစာမစားချင်လောက်သည်အထိ ဒဏ်ရာအကြီးကြီးပေးမိသည်က သူကိုယ်တိုင်ပင်လေ......
"Tae.....ဒီပြသနာက မင်းတို့ကိုယ်တိုင်မရှင်းရင် ဘယ်သူမှဝင်ရှင်းလို့မရဘူး....."
Namjoon က ဟင်းပန်းကန်များကိုချရင်းပြောသည်......သူတို့ထမင်းဝိုင်းပြင်ရင်း ထိုင်ကာမှိုင်ထွေနေသော Taehyung အား အကြံပေးနေကြခြင်း.....
YOU ARE READING
Brown-Eyed Soul
Werewolfသူခေါ်တဲ့ " Jeon ငယ် "....... Trigger Warning *violence *bullying *strong language *abuse Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resemble the idols and should not be li...