19

1.5K 124 19
                                    

နက်ရှိုင်းသော နှင်းပြင်များပေါ်သို့ လှိမ့်ဖြတ်ခဲ့သော ဆိုင်ကယ်ဘီးများသည် ကမူးရှူးထိုးနှင့် ဝတ်ရုံပင်မပါသော Alpha က ပြင်းထန်သော အအေးဓာတ်ကို ထင်ရှားစွာ ဆန္ဒပြနေသလို......

အိမ်ရှေ့တွင် ရပ်သောအခါ နှာခေါင်းထဲသို့ တိုးဝင်သော Hormone နံ့မျိုးစုံကြောင့် ရင်ဘတ်က ဟိုက်ခနဲ......အပေါ်ထပ်သို့တက်သော ခြေလှမ်းများသည် ကပြာကယာနှင့်......တုန်လှုပ်သွားသော မျက်ဝန်းပြာများကို ဖန်တီးသော မြင်ကွင်းက ကြီးကြီးကျယ်ကျယ်..........

သော့ခလောက်ပျက်ရာ သစ်သားတံခါးရှေ့မှ ကြမ်းပြင်ပေါ်တွင် ပဲ့ကျရာ သစ်သားအပိုင်းအစများ........ရုပ်ပျက်ဆင်းပျက် ရှုပ်ပွရာ ပစ္စည်းများတွင် ကျကွဲသည့်အရာများက ကျကွဲလို့.......

သစ်သားစများပေါ်တွင် နင်းချခဲ့သော Alpha ၏ ခြေလှမ်းများ.........သွေးအိုင်များကြားမှ မမြင်ချင်စရာကောင်းအောင် တည်ရှိနေသော မျက်လုံးတစ်လုံးသည် အကြောသေးများပါ ထိုးထွက်လျက်......မျက်ဝန်းပြာများက ညှီစို့စို့ အနံ့များပျံ့လွင့်ရာ အခန်းထဲသို့ တုန်လှုပ်စွာကြည့်တော့ ကြမ်းပြင်ထက်မှ သွေးစက်များနှင့် ညစ်ညမ်းသော အရည်များ.......

ချောက်နက်နက်သဖွယ် စူးရဲသွားသော မျက်ဝန်းပြာများနှင့်ထိုးထောင်လာသော Alpha ၏ မေးရိုးများ........တစ်ချိန်တည်းတွင် ဝဲတင်လာသော မျက်ရည်များကို နီရဲရဲမျက်အိမ်တို့က ဝန်းရံသည်...........

"အငယ်......"

ကမန်းကတန်းခေါ်သော အသံသြသြကို ထူးမလာပြန်သောအခါ အပူမိသော Alpha က အခန်းတစ်ဝိုက်ကို ဝေ့ကာ အရိပ်ငယ်ကို လိုက်ရှာသည်......

ရုတ်တရက် ပျံ့လွင့်သော ရှိုက်သံသေးသေးသည် ဗီရိုထဲမှ.......တံတွေးပူများကို မျိုချမိရာ Alpha သည် ဗီရိုတံခါးလက်ကိုင်ကို ဆွဲဖွင့်ကာ မရင်ဆိုင်ရဲသော မြင်ကွင်းကို ရင်ဆိုင်ရသည်. ........

ကျယ်ဝန်းသော သစ်သားဗီရို၏ထောင့်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျစ်ကျုံ့နေအောင် ခွေထိုင်နေသော ကောင်လေး၏ ဆင်စွယ်ရောင် အကျီအပါးသည် သွေးများဖြင့် ညစ်ပေကာ ပုခုံးဖွေးဖွေးတို့ပေါ်အောင် စုတ်ပြဲလို့........မျက်လုံးညိုများသည် ဖုံးအုပ်နေသော လှိုင်းထထ ဆံနွယ်နက်များကြောင့် နည်းနည်းလေးတောင်မမြင်ရ.....နှုတ်ခမ်းပါးနီနီများမှ တစ်စွန်းတစ်စပေါ်နေသော ကောင်လေး၏ အစွယ်ရှရှများ......အမွှေးဖြူတို့ ထိုးထွက်ရာ လက်တစ်ဖက်နှင့် တစ်စွန်းတစ်စဖြူဖွေးရာ ဆံနွယ်များ........ညှီနံ့များနှင့် မရင်းနှီးသော Hormone နံ့များ ရောထွေးရော ထိုခန္ဓာကိုယ်ပါးပါးအား မြင်သော ပင်လယ်ပြာမျက်ဝန်းတို့က မထိန်းနိုင်စွာ အရည်များစွာဝေ့ဝိုက်သည်.......ရှိုက်သံတုန်တုန် ပျံ့လွင့်နေဆဲကောင်လေးသည် သူရောက်နေသည်ကိုပင် သတိမထားမိဟန်.......

Brown-Eyed SoulWhere stories live. Discover now