7

846 120 15
                                    

ကျောင်းဝင်းထဲကိုလျှောက်လာသည်နှင့် Sam တို့အုပ်စုကိုမတွေ့ရသောကြောင့် ပျော်မိသည့်တစ်ချိန်တည်းတွင် အနည်းငယ်ရင်လေးမိသည်......သူ့အား အတန်းပြီးသည့်အချိန်မှ Kim မရှိသည့်အချိန်ကို အလစ်ချောင်းပြီး အနိုင်ကျင့်နိုင်ချေရှိသည်..........

လှေကားသို့ တက်သည့်အချိန် ခေါင်းပေါ်သို့ ရုတ်တရက်ကျဆင်းလာသော အရည်အေးအေးများကြောင့် ပုခုံးသေးသေးက တုန်ခနဲ......ကြမ်းပြင်ကိုကြည့်တော့ ခပ်ညစ်ညစ်အရည်များ.....အနံ့အသက်ကလည်း မကောင်း.....

တစ်ဖန် ခေါင်းပေါ်သို့ ကျလာပြန်သော အရာများက ချွဲပစ်ပစ်နှင့်မို့ ကြက်ဉများဖြစ်ရမည်.......

"Oops.....Sorry Fag လေးရာ.....မတော်တဆ ပြုတ်ကျသွားတာ......ဒါရောပဲ....."

Sam က ပြောရင်းဆိုရင်းနှင့် လက်ထဲမှ အအေးခွက်ကို မျက်နှာပေါ်သို့လောင်းချသည်.......

အပေါ်ကိုမော့ကြည့်တော့ Sam တို့အုပ်စုက ကြိုက်သလိုရယ်မောနေကြလျက်.....ဘေးမှ ဖြတ်သွားကြပြန်သောသူများတွင်လည်း ရယ်သည့်သူကရယ်..... စိတ်ပျက်သည့်သူကတော့ နှာခေါင်းရှုံ့ကာ ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း.....
သေချာသည်က မည်သူကမျှတော့ ယောင်လို့တောင် ဝင်မကူ......

"မင်းကောင်က detention ဝင်နေတယ်.....လာမကူနိုင်ဘူး.....မျှော်မနေနဲ့....."

Sam က ရယ်ကြဲကြဲဖြင့် ပြောသည်.....

"ဟုတ်လား....."

ရုတ်တရက် အနားမှ ထွက်လာသော အသံသြသြကြောင့် Sam တို့က ရုပ်ပျက်ဆင်းပျက်ထိတ်လန့်သွားချိန်တောင်မရ ပြင်းထန်သော ကန်ချက်ကြောင့် အနောက်သို့ လွင့်စင်ထွက်သွားလျက်.......

အပေါ်တစ်ထပ်က ဝရံတာတွေ ခံချင်တိုင်းခံနေရသော Sam တို့ ၃ ယောက်အား ကြည့်သော မျက်ဝန်းအညိုသည် ဗလာနတ္ထိ.....သို့သော် ပုစွန်စီရောင်ဆံနွယ်များနှင့် alpha ကိုကြည့်တော့ မျက်ဝန်းအညိုက တောက်ပနေသလို......

ဆရာများက ဝင်ဆွဲမှရပ်သော Alpha သည် ရုပ်ပျက်ဆင်းပျက်ကြီး ဒေါသထွက်မနေဘဲ တည်ငြိမ်နေပြန်သည်......လူရုပ်မပေါ်အောင်ဖြစ်နေသော Sam တို့သည် လဲနေရာမှ ကုန်းရုန်းထကာ ပြေးတော့ ထို alpha သည် ဆရာများရှိလျက်ပင် လက်ညှိုးထိုးပြီးပြောသည်....."နောက်တစ်ခါ တကယ်သတ်ပစ်တော့မှာ" တဲ့.......

Brown-Eyed SoulWhere stories live. Discover now