10

780 103 8
                                    

TW⚠

ရွှေချည်များကွတ်ရာ ဝတ်ရုံကို ချွတ်ကာ အနားမှခုံပေါ်သို့ ဆောင့်တင်လိုက်သောကြောင့် ဘေးနားတွင်ရပ်နေသော အစေခံများက မသိမသာတုန်လှုပ်လို့.......

"သခင်လေး.....ဟို....ဟိုတစ်ယောက် သောင်း ကျန်းနေတယ်.....ဒီတစ်မနက်လုံး...."

ပြေးကာလာပြောသော အစေခံကောင်မလေးသည် ဖရိုဖရဲနှင့် ပြာယာခတ်နေသော မျက်နှာထား.....
ချက်ချင်းကျုံ့သွားသော မျက်ခုံးညိုညိုများ.......

"အစားရော မစားဘူးလား....."

"မ...မစားပါဘူး.....သူ...သူက ပုံမှန်မဟုတ်ပါဘူး......အသွင်လည်းပြောင်းနေပါတယ်....."

ဟက်ခနဲ ရယ်လိုက်သောသူကြောင့် ကောင်မလေးက က ပြာယာခတ်နေသည့်ကြားမှကြည့်သည်.....

"Boris ကိုသွားပြောလိုက်.......အပေါ်ဆုံးထပ်က ဟိုအခန်းကိုပြင်ထားလိုက်လို့....."

မတုံ့မဆိုင်းဝင်သွားသော ခြေလှမ်းများကြောင့် အနောက်တွင်မလှုပ်မယှက်ရပ်နေသော အစေခံများက အံ့သြစွာကြည့်ကြသည်.......

အခန်းထဲဝင်တော့ ယခင်ပုံစံအတိုင်း ပြတင်းပေါက်အရှေ့တွင်ထိုင်နေသောကောင်လေး.......အရင်လိုမဟုတ်သည်က အမွှေးဖြူများနှင့် လက်သည်းရှည်ကြီးများတည်ရှိနေရာ လက်တစ်ဖက်.......ချည်သားစများထွက်ကာ ပြဲနေသော ဆင်စွယ်ရောင်အကျီအောက်မှ ခပ်ခုံးခုံးကျောရိုးက ငေါထွက်လို့.....ကြည့်ရသည်ကား သူထိုးခဲ့သည့်ဆေးများက ကောင်လေး၏ အသွင်ပြောင်းမူမမှန်မှုကို ဖြစ်ပေါ်စေပုံ.......

ထိုသူက ကျေနပ်စွာ တစ်ဖက်ပင့်ပြုံးရင်း ကောင်လေးဆီသို့သွားသည်.......ခြေသံကြောင့် လှည့်ကြည့်လာသော ကောင်လေး၏ မျက်လုံးတစ်ဖက်သည် အရောင်များစွာ စပ်ထားသောပုံစံ......ခန့်မှန်းမရသော အရောင်......နှုတ်ခမ်းပါးများကြားမှ ယေးယေးမြင်ရသော အစွယ်ဖြူဖြူများ......

"ဒီလိုပုံစံနဲ့တောင် မင်းက လှနေသေးတာလား-"

ကော်လံမှဆောင့်ဆွဲကာ ခုန်အုပ်လိုက်သောကောင်လေးက အပေါ်မှနေ၍သူ့အားစူးရဲစွာကြည့်သည်......နိမ့်ချည်မြင့်ချည်ရင်ဘတ်တစ်စုံကြောင့် အသက်ရှူမြန်နေဟန်......

Brown-Eyed SoulWhere stories live. Discover now