6

834 119 7
                                    

မြစ်၏တစ်ဖက်ကမ်းသို့ အရှိန်ဖြင့်မောင်းချသွားသောအခါနောက်မှလိုက်သူက မွှန်ထူနေအောင်ဆဲသည်.....

"Kim Taehyung ငါတကယ်ဆဲမိတော့မယ်......ဖြည်းဖြည်းမောင်းပါ......."

ထိုအခါ ထိုသူက ရယ်ကြဲကြဲနှင့် အရှိန်ကိုစော့ကစားသည်.......သူတို့ Yoongi အိမ်သို့သွားနေကြခြင်းဖြစ်သည်.......Hobi နှင့် Namjoon က အိမ်တွင်ကျန်ခဲ့ကြသည်.....

Yoongi သည် သူ့မိဘများခေါ်၍သွားရသည်ဖြစ်သောကြောင့် သိပ်တော့ စိတ်အလိုမကျ.....သူသည် သူ့မိဘများနှင့်ဘယ်သောအခါ သက်တောင့်သက်သာ မနေခဲ့ရပါ.......သိပ်ကို ဖိအားပေးလွန်းသည့်မိဘများဖြစ်ကြသည်လေ.......

အိမ်ရှေ့သို့ ရပ်လိုက်သည်နှင့် Yoongi သည် တစ်ခုခုကိုရင်ဆိုင်ရတော့မည့် မျက်နှာအေးစက်စက်နှင့်သက်ပြင်းချသည်......

"Hyung....."

သူက ဆိုင်ကယ်ဉီးထုပ်ကို ချွတ်ကာခေါ်တော့ လှည့်ကြည့်လာသည်......

"အေးဆေး......စိတ်ထဲရှိတာပြောပြီး ထွက်ခဲ့......."

"ဒီကောင်....."

Hyung က သဘောကျဟန် ခပ်ယေးယေးရယ်သည်.....

"ကျနော် လိုက်ခဲ့ရမလား....."

"သဘောပဲ.....လိုက်ချင်ရင်လိုက်ခဲ့......"

ထိုယောကျ်ားသည် ဆင်စွယ်ရောင် အဝတ်ပါးပါးကို ဝတ်ဆင်ထားသောအခါ ခန္ဓာကိုယ်မားမားက လမ်းလျှောက်လိုက်တိုင်းထင်းခနဲ......

"တော်သေးတယ် လာလို့......ကဲ.....နင် ဘယ်ဘိုဆက်လုပ်မှာလဲ......ကျောင်းတက်လိုက် ပြန်လိုက် သေနတ်ကိုင်လိုက် မြှားကိုင်လိုက် လုပ်နေမှာလား......"

အေပရွန်အညိုရောင်အား ဝတ်ဆင်ထားသော အဒေါ်ကြီးသည် ဂျုံနယ်ရင်း သားဖြစ်သူကို လှမ်းပြောသည့်ပုံမှာ ခပ်ဆာဆာပင်......အတော်လေး စာလုံးစီထားဟန်......

"အဲ့ဒါမလုပ်ဘဲ ဘာလုပ်ရမှာလဲ......"

"အိမ်ပြန်လာပြီး စာသေချာလုပ်......ဒါမှ အစိုးရလက်အောက်က အလုပ်ကောင်းကောင်းရမှာပေါ့....."

ထိုအခါ Yoongi က ဟားခနဲထရယ်ကာ အမေဖြစ်သူ၏ စူးရှရှအကြည့်များကို လက်ခံရယူသည်.......

Brown-Eyed SoulWhere stories live. Discover now