12

774 111 13
                                    

"Tae.....လေးလေး-"

အပေါက်ဝထိပြေးခေါ်သော Hoseok သည် နှစ်ယောက်လုံး၏ပုံစံကြောင့် ရပ်တန့်သွားဟန်.....

"ဘာဖြစ်လာကြတာလဲ.....စက်ဘီးရော"

"Wolfman တိုက်ခိုက်လို့......"

ထိုအခါ ဘေးမှရောက်လာသော Jack နှင့် Yoongi က စိတ်ပူသည့်ဟန်......

"အဲဒီ့ wolfman က ဟိုနေ့ကလွတ်သွားတဲ့-"

"မဟုတ်ဘူး......အဲ့နေ့ကကောင်မဟုတ်ဘူး......"

Yoongi ၏ စကားများကိုဖြတ်တောက်ကာပြောသော Taehyung ၏စကားကြောင့်အားလုံးက စိတ်ပျက်ကာ စိုးရိမ်နေဟန်....

"ဒါဆို တံတိုင်းရဲ့တစ်နေရာရာကတော့ ပြိုနေပြီ......"

Jack က ပြောတော့ အကုန်လုံးကတိတ်ဆိတ်နေလျက်.....

"နား.....သူတို့ရဲ့နားက သူတို့အသက်ရှင်ရတဲ့ အဓိကအစိတ်အပိုင်း....."

Taehyung ဘေးမှထွက်လာသော အသံသေးသေးထွက်လာရာဘက်ကိုလှည့်ကြည့်ကြကြတော့ သွေးစက်တစ်ချို့ယေးယေးစွန်းပေရာ ကောင်လေး......

"မင်းက ဘယ်လိုသိတာလဲ....."

Yoongi ကမေးတော့ ကောင်လေးက ပုခုံးများကိုဖွဖွပင့်ပြကာ "ဒီတိုင်းပဲ" ဟူ၍သာဖြေသည်......
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Tae လေး.....အဲ့ဒါဘယ်သူလဲ....."

စာဖတ်ခန်းထဲတွင်ဖြစ်သည်......Taehyung နှင့် Jack တူဝရီးနှစ်ယောက်သာရှိသည်မို့ ရှန်းတန်းတန်းဖြစ်မနေသော်လည်း Rut နီးနေသော Taehyung အဖို့ ဘာကိုမှ ရှည်ရှည်ဝေးဝေးပြောမနေချင်ပါ.....

"ဂျူနီယာတန်းက ကျနော့်အသိပါ......အုပ်ထိန်းသူဆုံးသွားလို့ ခေါ်ထားတာ....."

"သူကဘာလဲ...."

Jack က စာအုပ်များကို စာအုပ်စင်ပေါ်တွင် စနစ်တကျစီရင်းမေးသည်....

"Beta......ပြီးတော့ အဲ့ဒါက အရေးကြီးလို့လား....."

တူဖြစ်သူ၏ ဒေါသသံစွတ်စွတ်စကားကို Jack ရိပ်မိပါသည်......

"ငါသိချင်လို့မေးတာပါ ဟေ့ကောင်ရ....."

စာအုပ်များကို စီပြီးတော့ ဘောင်းဘီအိတ်ထဲမှ ဆေးဗူးအဖြူနှစ်ဗူးအား ပစ်ပေးလိုက်သောအခါ Taehyung က အမိအရဖမ်းလိုက်သည်......

Brown-Eyed SoulWhere stories live. Discover now