4

894 143 14
                                    

မျက်နှာသို့ လာထိုးသော နေရောင်ခြည်တန်းကြောင့် မျက်ဝန်းအညိုတို့ကို ဖြည်းညင်းစွာ ဖွင့်လိုက်ရင်း ပျင်းတွဲစွာ ထလိုက်သည်....ပြတင်းပေါက်ကိုဖွင့်ကာ နေရောင်ခြည်ယေးယေးကို ပြုံးကာ ခံစားသည်.....

ပြတင်းပေါက်မှန်မှ ပေါ်နေသော ပုံရိပ်တွင် လူတိုင်းသတိထားမိစရာ ဆံပင်ရှည်ရှည်နှင့် မျက်ဝန်းအညိုများ.....
အမြဲတမ်း eye patch ဖြင့် အုပ်ထားရသော ဘယ်ဘက်မျက်လုံးသည် ယခုကျပြန်တော့ အညိုရောင်ပင်.....ခံစားချက်များပြင်းထန်လာလျှင် အနီရောင်ပြောင်းတတ်သည်လေ....၄င်းသည် သူအားနည်းချက်ဟု ကောက်ချက်ချထားသည်အရာ.....အခြားသူများမြင်လျှင် ယခင်ကထက်တောင် အနိုင်ကျင့်ကြတော့မည်လား.....

"Kook လေး.....နိုးရင်လည်း ပြင်တော့လေ....မနက်စာပြင်ထားပေးတယ်...."

Rell က ဝင်လာကာ သူ၏စောင်နှင့် ခေါင်းအုံးကို နေရာတကျ စီပေး ခေါက်ပေးသည်.....

"ပေါင်က ဒဏ်ရာ နာနေသေးလား...."

"နည်းနည်းပဲ နာတော့တယ်...."

Rell က ကျေနပ်သွားသော မျက်နှာဖြင့် သူ၏ မျက်ဝန်းအညိုများကို စူးစမ်းသည်.....

"မျက်လုံးက အခုကျတော့လည်း ဘာမှမဖြစ်တော့ပါလား...."

Rell က ပါးချိုင့်တစ်ဖက် ခွက်ဝင်သွားအောင်ပြုံးကာ သူ့ထက်အရပ်ပိုရှည်သော Jungkook ၏ ဆံပင်များအား ဆွဲဖွလိုက်သည်.....

"ဒါပေမဲ့ အုပ်တော့အုပ်သွားရမယ်ထင်တယ်....."

ရှုံ့မဲ့မဲ့ ပြောလာသော ကောင်လေး၏ ပါးဖောင်းဖောင်းအား အသည်းယားစွာ ဆွဲချလိုက်ကာ....

"ဒါပေါ့.....ပူတင်းလေးရဲ့...."

"ဟာဗျာ....နာလိုက်တာ...."

မသိမသာ နီသွားသော ပါးတစ်ဖက်ကို လက်ဖြင့် ပွတ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသော ထိုကောင်လေးသည် အသံသြသြဖြင့် ခပ်တိုးတိုး ငြီးတွားခဲ့သေးသည်.....

ထိုကောင်လေးကို သူ့မောင်လေးအရင်းလိုပင် ချစ်သည်....လွန်ခဲ့သည့် ၃ နှစ်လောက်က သူ့အိမ်ရှေ့တွင် လဲကျနေသော ကောင်လေးသည် တစ်ကိုယ်လုံး စုတ်ပြတ်သပ်ကာ ခြေဖဝါးတွင်လည်း သွေးသံတရဲရဲနှင့်....ဒဏ်ရာ မလွတ်သော ထိုခန္ဓာကိုယ်သေးသေးသည် ပြောပြမတတ်အောင် အားနည်းနေခဲ့သည်....

Brown-Eyed SoulWhere stories live. Discover now