17

798 99 13
                                    

"စောက်ရေးမပါတာတွေ လုပ်နေတာလား မင်းတို့တွေ...."

ခုံကို ရိုက်ကာ ပြောသော Jack သည် ရှေ့တွင် မသိမသာ ခေါင်းငုံ့ကာငြိမ်၍နားထောင်နေကြသော Alpha ၄ ယောက်ကို စူးရဲစွာကြည့်သည်......

"ဘာဖြစ်လို့ ငါ့ကိုတစ်ခုမှ အကြောင်းမကြားရတာလဲ......မင်းတို့ဒီလိုဆက်လုပ်မယ်ဆို အိမ်ပြန်တော့......Kim Taehyung လည်း ငါ့အိမ်မှာပဲ လာနေတော့......"

ဆူငေါက်သံသည် ထိုကျွန်းအိမ်ထဲ ပျံ့လွင့်လို့ မီးမှိန်မှိန်အောက်မှ အကျပ်ရိုက်နေကြဟန် ရပ်နေသော Alpha ၄ ယောက်ကလည်း မတူညီသော လက်နက်တစ်မျိုးစီကို ခြုံထားသော ဝတ်ရုံများပေါ်တွင် သိုင်းလွယ်ထားကြလျက်........

"လေးလေး ဒေါသထွက်နေတာ ကျနော် နားလည်တယ်......ဒါပေမယ့် ကျနော်တို့တွေဟာ Pack ထဲဝင်ဖို့အတွက် မငယ်တော့ဘူး......."

Yoongi ၏ အသံသြသြသည် နည်းနည်းမှတောင် တွန့်ဆုတ်မှုမရှိဘဲ လိုရင်းထိ ရောက်အောင် ပြောသည်......သို့သော် Jack အား စိတ်ကိုပိုဆွပေးသလို သဘောသက်ရောက်နေသည်.......

"ဒီမှာ တစ်ယောက်က ပတ်တီးဖွေးဖွေးဖြစ်ပြီးနေပြီ......မင်းတို့ ဒါကိုလုပ်မှဖြစ်မှာလား......ဆင်ခြင်တွေးတောကြပါဉီး....."

ငယ်ငယ်ကတည်းက အရာရာတိုင်းကို တာဝန်ယူကာ ၄ ယောက်လုံးကို အုပ်ထိန်းခဲ့သော Jack ၏ ပူပင်မှုကို သူတို့နားလည်ကြသောကြောင့် အတင်းအဓမ္မ မတိုက်တွန်းဝံ့ကြ.......သို့သော် wolfman များ၏ ဆိုးဝါးနေသော အခြေအနေ နှင့် တာဝန်ယူမှုမရှိသော အစုတ်အပြတ် အစိုးရအကြောင်း အကုန်သိနေကြသည်ပဲလေ......

ထို pack သည် ထိုတောစပ်နားတွင်နေထိုင်ကြသော Half alpha များပါဝင်ရာ pack ဖြစ်ပြီး ခေါင်းဆောင်က Taehyung ၏ အဖေဖြစ်ခဲ့သည်.......ဆုံးသွားပြီးကတည်းက သူဉီးဆောင်နေရသည်ဖြစ်၍ Taehyung အား တစ်နေ့နေ့တော့ လွှဲပေးရမည်ဟု ရည်ရွယ်ထားသော်လည်း အဖွဲ့ဝင်များမှာ နည်းသထက်နည်းလာသောကြောင့် အင်အားကတော့ နည်းသေးသည်......

"Pack အင်အားနည်းနေတာကိုတွေးပူနေတာလား လေးလေး.......ကျနော်တို့ ကိုင်တွယ်နိုင်ပါတယ်"

Hoseok က ပြောလာတော့ Jack က ဒေါသထွက်နေလျက်ပင် တွေဝေနေဟန်......လောလောဆယ် သူ၏ အတွေးများသည် ခြေချင်းရှုပ်ကာ ခလုတ်တိုက်လုနီးပါးပင်လေ.....

Brown-Eyed SoulWhere stories live. Discover now