18

735 89 7
                                    

အခန်းရှေ့တွင် ရစ်သီသီလုပ်နေသော Alpha သည် မသိမသာ ပြာယာခတ်နေဟန်......ဘေးအခန်းများမှ ကျန်သည့်အစ်ကိုများ နိုးသွားမည်ကိုလည်း စိုးရိမ်သောကြောင့် မျက်ဝန်းပြာများက ဝေ့ဝိုက်စူးစမ်းသည်......

အခန်းတံခါးပွင့်ကာ ထွက်လာသော Jin သည် ခြေလှမ်းများကို တက်နိုင်သမျှ ခပ်ဖော့ဖော့လျှောက်သည်.......ကျန်သည့်သူများအား ထိုကိစ္စကို အသိမပေးထားပါလေ.......

ရှေ့မှ Alpha ကိုကြည့်တော့ မျက်ဝန်းပြာများက ပြာယာခတ်ကာ သူ၏အဖြေကိုစောင့်နေသည့်ပုံ......

"ဘာကိုယ်ဝန်မှမရှိဘူး......ဘာမှလည်း မထိခိုက်ဘူး.....စိတ်မပူနဲ့တော့...."

သစ်ချသီးရောင် ဆံပင်များကို အုပ်မိုးကာ သပ်တင်လိုက်သော Alpha သည် မျက်လုံးများကို မှိတ်သွန်ကာ သက်ပြင်းချသည်......ပြောမပြတတ်အောင် ဗလောင်ဆူနေခဲ့သော သူ၏အပူကို ဘယ်သူမှ နားလည်မည်မဟုတ်........ထိုကောင်လေးက သူ့ဝိညာဉ်တစ်ခုလုံးကို ထိုမျှထိ အကျိုးသက်ရောက်စေသည်.........

"နောက်တစ်ခါ heat အချိန် လုပ်မယ်ဆို သတိထား.......ကျန်တဲ့အချိန်က ကိစ္စမရှိဘူး......"

Jin ကပြောတော့ Alpha က ခေါင်းသာညိတ်ပြသည်.......စိတ်အပူလွန်နေသော Alpha ကိုကြည့်ကာ Jin ပြုံးသည်......ဘယ်လိုကြောင့်များ အေးစက်စက်ကောင်က ပြာယာခတ်နေသည်လဲ......

"ဝင်တော့......အထဲကဟာလေးက Kim ကို ပါးစပ်ကမချဘူး......"

သူ့ထက်မသိမသာ အရပ်မြင့်သော Alpha ၏ ပုခုံးကို ပုတ်ကာ Jin က ပြောသည်......သူလည်း အခုမှ အေးအေးပြုံးနိုင်တော့သည်.......

အောက်ဆင်းသွားသော Jin ၏ ခြေသံယေးယေးနောက် Alpha က ထိုအခန်းထဲသို့ဖြည်းဖြည်းဝင်သည်.......စောင့်မျှော်နေဟန် မျက်ဝန်းညိုများကိုတွေ့သောအခါ နွမ်းနယ်သော မျက်နှာချောချောက မတုံ့မဆိုင်းပြုံးသည်.......

"မနက်ဖြန် မသွားလို့မရဘူးလား Kim"

အတန်ကြာအောင် စီးမျောသော မျက်ဝန်းနှစ်စုံကြားတွင် ကောင်လေးကပြောလာသည်......

"ကိုယ်စောစော ပြန်လာပါ့မယ်...."

အလိုမကျသော မျက်ဝန်းညိုတို့က Alpha ၏ လက်မှ ပတ်တီးဖွေးဖွေးများကိုကြည့်ကာ.....

Brown-Eyed SoulWhere stories live. Discover now