Episode-(9)

3.8K 346 44
                                    

Zawgyi Version

ဝမ်ရိပေါ်ဘဝမှာ ဒီနေ့ကအဆိုးဆုံး ပြဿဒါးနေ့ပဲ။
အိမ်ကအထွက် ဆိုက်ကယ်က ဆီပြည့်မနေ။
Grab လှမ်းခေါ်တော့လဲ နာရီဝက်ကြီးများတောင်
စောင့်ရဦးမယ်။ အဆိုးဆုံးက ဘိုးတော်ရဲ့
ညာတာပါးတေးနဲ့ ချုပ်နမ်းသွားမှုကို ဘာတစ်ခုမှ
မတုံ့ပြန်လိုက်နိုင်ပဲ အပျိုဖြန်းလေးလို တုန်တုန်
လှုပ်လှုပ်နဲ့ ကျန်ခဲ့ရတာကိုပဲ။

"ချီး!!! ဒီဆိုက်ကယ်ကလဲ ဝယ်ပေးထားတာ
ဘိုးတော်ဆိုတော့ သူ့သခင်ကို ငါလို့
မသတ်မှတ်ချင်တာလား မသိဘူး...အရင်က
ဒီလောက်လေးနဲ့ တစ်ခါမှ ဆီကုန်တဲ့အထိ
မဖြစ်ခဲ့ဖူးပဲနဲ့ကို ခုမှ လခွမ်းတွေထလုပ်...
Grab သမားကလဲ လမ်းမှာ ကားမောင်းလာရင်း
တစ်ချောင်ချောင် ဝင်တိုးနေသလားပဲ...နာရီဝက်
ကျော်နေပြီ...ဘာတစ်ခုမှကို သောက်ဆင်ပြေမနေ
ဘူး..."

ဆိုက်ကယ်ပေါ် ဖင်တစ်ခြမ်းစောင်း ထိုင်စောင့်နေ
ရင်း မကျေနပ်ရင်မကျေနပ်သလို တဗုန်းဗုန်းနဲ့
မြေကြီးကို ကန်ကျောက်နေတဲ့ ကောင်လေးကို
security ဦးလေးကြီးက ကွက်ကြည့်ကွက်ကြည့်နဲ့။

ခဏအကြာ ကိုယ့်ရှေ့ထိုးရပ်လာတဲ့ ရင်းနှီးနေတဲ့
ကားကြောင့် လူကကြောင်တောင်သွားသည်။

"သူဌေးက အစ်ကိုလေးကို ကျောင်းပို့ခိုင်းလိုက်လို့
ပါ..."

ဘိုးတော်ရဲ့ ပင်တိုင် ဒါရိုက်ဘာလီက ဘိုးတော်
ရုံးသွားရင် စီးနေကျကားကို ဝမ်ရိပေါ် အဆင်သင့်
တက်နိုင်ရန် နောက်ခန်းတံခါးပါ အသင့်ဖွင့်ထားပေး
လေသည်။

ဝမ်ရိပေါ်မှာ ဆွံ့အလွန်းလို့ ဘိုးတော်များ
လူလွှတ်ထားပြီး ရိပေါ်ကို stalk နေသလားအတွေးနဲ့
ဘေးဘီဝဲယာတောင် လှည့်ပတ်ကြည့်ဖြစ်သွား
သည်။ တတီတီနဲ့ အချိန်ကိုက်မြည်လာတဲ့
ဖုန်းကြောင့် ဘယ်သူလဲ အတပ်သိနေတဲ့ sense
အရ လေကို တဝကြီးရှူသွင်းပြီးနောက် answer
ဘက်ကိုဆွဲကာ ဟိုကဘာမှမပြောခင် ကုန်းအော်
တော့သည်။

"ဘိုးတော်!!! ခင်ဗျားကို ကျွန်တော် အတည်
တရားစွဲမှာနော်...ကျွန်တော့် privacy တွေကို
ခင်ဗျားက ဘာအခွင့်အရေးနဲ့ လိုက်ချိုးဖောက်
နေတာလဲ..."

My baobei always thought that I didn't love him Where stories live. Discover now