Zawgyi Version
စာကြည့်ခန်းထဲက မြည်လာပါတဲ့ ဖုန်းသံကြောင့်
ရှောင်းကျန့်က ခဏထားခဲ့ပြီးထွက်လာလို့
ဖုန်းကိုင်လိုက်တော့ အစောက လာသွားပါသည့်
ဆရာဝန်တဖြစ်လဲ ရှောင်းကျန့်ငယ်သူငယ်ချင်းပင်။ဘယ်ဆေးကို ဘယ်အချိန်သောက်ရမယ်
ဘယ်အချိုးအစားနဲ့ဘာညာ ဆေးညွှန်းပြောပြရင်းနဲ့
အသက်ကြီးမှ ငယ်ငယ်နုနုလေးကို ကောက်တွဲ
ထားပြီး မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ရှောင်းကျန့်
ဖြစ်အင်ကိုလဲ ပြန်ပြောရင်း စနောက်နေသည်မို့
ရှောင်းကျန့်သဘောတကျ အသံထွက်ပြီးပါ
ရယ်မောမိသွားသည်။ဆယ့်ငါးမိနစ်လောက် ရယ်ရယ်မောမောနဲ့
ပြောဆိုပြီးကာမှ ဖုန်းချလို့ အခန်းထဲပြန်ဝင်လာချိန်
ရိပေါ်က မော့ကြည့်လိုက် မျက်နှာလေး
ပြန်ငုံ့သွားလိုက်ဖြင့် အချိန်အတန်ကြာရှိနေတာ
သောက်ရမဲ့ဆေးတွေ ရှောင်းကျန့် ကမ်းပေးလာ
သည်အထိပင်။"ကိုကို..."
"ပြော..."
"ခု...ခုနက...ဖုန်းဆက်တာ...ဘယ်သူလဲဟင်..."
"ဘာလုပ်ဖို့မေးတာလဲ..."
ရိပေါ်မှာကလေ သိပ်ပြီးပြင်းထန်လွန်းတဲ့
ပိုင်ဆိုင်လိုစိတ်ရှိတယ်။ ပြောရရင် အိမ်မှာကလဲ
အဘိုးအဘွားရဲ့အချစ်တွေ စုပြုံရထားတဲ့
အငယ်ဆုံးလေးကိုမှ လက်ညိုးညွှန်တိုင်း ရေဖြစ်ခဲ့
ရသည့်ဘဝလေးနှင့်မို့ သူ့ဘဝမှာ သူလိုချင်ပြီဆို
ဘယ်တုန်းကမှ မရခဲ့ဖူးတာမရှိ။ ရိပေါ်ရဲ့ထိုကဲ့သို့
ဗိုလ်ကျလွန်းတဲ့ အကျင့်စရိုက်က မွေးတည်းက
အရိုးစွဲလာသည်ဆို ချစ်သူရပြီးကာမှ ပို၍ပို၍
ဆိုးလာရသည်မှာ ရှောင်းကျန့်ရဲ့ဘာလေးမဆို
မငြိုမငြင် ဖြည့်ဆည်းပေးမှုတွေကြောင့်ဟု
ခေါင်းစဉ်တပ်၍ရသည်ပင်။ရထားတဲ့ချစ်သူက မျက်နှာတစ်ချက်မငြိုးအောင်
အရိပ်တကြည့်ကြည့်ရှိပြီး မိဘဘိုးဘွားတွေနဲ့
နေတုန်းကထက်တောင် အလိုလိုက်အကြိုက်ဆောင်
နေမှတော့ ဝမ်ရိပေါ်တို့ ဆိုးကောင်းပြီပေါ့။"ကိုကိုက...အကျယ်ကြီး အကျယ်ကြီး ထရယ်နေ
တော့...ဒီတိုင်း...သိချင်လို့ပါ..."

ESTÁS LEYENDO
My baobei always thought that I didn't love him
FanficJust an annoying day with an annoying person.But, wonderful moments have begun from every little seconds I spent with that annoying person.The name of that annoying person starts with X and his favourite hobby is to tie me down in bed wether I agree...