Episode-(17)

4.9K 280 12
                                    

Zawgyi Version

ဘုကလန့်တိုက်မယ် ကြံရွယ်ထားပါတဲ့
ကောင်လေးခမျာလဲ အခုတော့ သူ့ဘိုးတော်ကြီးရဲ့
စပရိုက်တိုက် ပရိုပို့စ်လုပ်မှုကြောင့် နှုတ်ခမ်းလေး
ဖွင့်ဟလို့ မျက်လုံးလေးတွေ ဝိုင်းစက်ရင်း
နှာထိပ်ဖျားလေးတွေ တုန်ရင်လာပြီး ရင်နှင့်အမျှ
လျှံတက်လာတဲ့ ပီတီဇောအဟုန်ကို ဆက်လက်
သယ်မထားနိုင်တော့ပဲ သေချာထပ်ကြားလိုသည့်
စကားကို အတည်ပြုမေးမိတော့သည်။

"မ...မဟုတ်မှလွဲရော...ကိုကို...ကိုကိုက အခု
ကျွန်တော့်ကို...ကျွန်တော့်ကိုလေ...လက်ထပ်ခွင့်
တောင်းနေတာလား...ဟုတ်လားဟင်...
ကျောင်းပြီးရင် ကျွန်တော့်ကို အတည်
လက်ထပ်မှာလား...ဒါဆို ကိုကိုက တစ်သက်လုံး
ကျွန်တော်နဲ့ပဲအတူနေသွားဖို့ ဆန္ဒရှိတာပေါ့နော်..."

"ဒါပေါ့ ပေါင်ပေ့ရယ်...မဟုတ်ရင် မင်းလို
ငဂျစ်လေးကို ကိုယ့်မှာ နှစ်ရှည်လများတွဲပြီး
မင်းလေး ဆိုးသမျှ၊ ဂျီသမျှ၊ ရစ်သမျှတွေကို
ဘာကိစ္စအတွက်နဲ့များ စိတ်ရှည်သည်းခံနေနိုင်မယ်
ထင်လို့လဲ..."

"ကိုကိုနော်..."

ရိပေါ်က ရှောင်းကျန့်အပြောကို အလိုမကျစွာ
လက်သီးဆုပ်လေးဖြင့် ရင်ဘတ်ကိုထုတော့
ရှောင်းကျန့်က ထိုလက်သီးဆုပ်လေးကို
ဆွဲဖမ်းကိုင်လို့ သူ့နှုတ်ခမ်းဖြင့်ကပ်ပြီး ဖွဖွရွရွလေး
နမ်းရှိုက်လေသည်။

"မင်းမပါတဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တစ်ခါမှ
ပုံဖော်မကြည့်ဖူးသေးဘူး...ကိုယ်စိတ်ကူးယဉ်
တွေးကြည့်ဖူးတဲ့ အနာဂတ်တိုင်းမှာ မင်းလက်ကို
မလွှတ်တမ်းတွဲထားတဲ့ ကိုယ့်ပုံရိပ်တွေနဲ့ပဲ
ပြည့်နှက်နေတာ...ဒါတွေ မင်းမသိဘူးမလား
ပေါင်ပေ့လေးရဲ့..."

"ကိုကိုမှ မပြောပဲ...ကျွန်တော်က ဘယ်လိုလုပ်
နေရင်းထိုင်ရင်း အလိုလိုသိလာမှာလဲလို့..."

ရိပေါ်က နှာထိပ်လေးတွေ နီရဲလို့ ဝမ်းသာစိတ်
အခံကြောင့် ငိုချချင်လာပါတဲ့စိတ်ကို ဂျစ်ကန်ကန်
အပြောလေးဖြင့် ပြန်ဖုံးလေသည်။

"ဒါကြောင့် အခုပြောလိုက်ပြီလေ...ဒါဆို ဒီနေ့က
စပြီး ကိုယ့်ကိုရစ်တာလေးတွေ နည်းနည်းလျှော့...
ဟုတ်ပြီလား..."

My baobei always thought that I didn't love him Opowieści tętniące życiem. Odkryj je teraz