Episode-(7)

5.5K 545 86
                                    

Zawgyi Version

ကိုယ့်ကိုအရွဲ့တိုက်ချင်လို့အဲ့လောက်လဲ
မသောက်နိုင်ပဲတမင်လုပ်ပြနေတဲ့ကောင်လေးဟာသိပ်ဆိုးပါတယ်။အဲ့လိုဆိုးတာလေးကိုပဲယနေ့ချိန်ထိရှောင်းကျန့်ဟာမပစ်ပယ်နိုင်သေးပါဘူး။နောက်လဲပစ်ပယ်သွားနိုင်ဖို့အကြောင်း
လုံးဝကိုမရှိပါဘူး။

ဝမ်ရိပေါ်ဆိုတာလေးဟာကိုယ့်ရဲ့နှလုံးသည်းပွတ်တစ်ခုလုံးဖြစ်နေပြီးမှတော့စွန့်ပစ်ရက်နိုင်စရာလားလေ။

"တော်တော့လေ...များနေပြီမလား..."

"ခင်ဗျားအပူပါလို့လား...ကိုယ့်ပါးစပ်နဲ့ကိုယ်
သောက်တာတောင် လူ့အခွင့်အရေးလာချိုးဖောက်နေ...တရားစွဲပစ်လိုက်မှာနော်...သတိထား
နေ..."

ရှောင်းကျန့်ကအဖြူပါဆိုသူ‌လေးကအမည်းကြီးပါဆိုပြီးဂျစ်ကျလို့ဘာမဆိုအကန်တွေချည်းပြောဖို့ရည်ရွယ်ထားပုံပင်။

ပြောမရတဲ့ရှောင်းကျန့်ဟာဘီယာခွက်ကိုဆွဲယူလိုက်တော့ဝမ်ရိပေါ်ကမျက်စိမှေးမှေးလေးတွေနဲမရမကပြူးပြဲကြည့်ရှာတယ်။

"ပြန်ပေး..."

"မပေးဘူး..."

ပေါင်ပေ့လေးဟာသူ့အလိုမလိုက်လို့စိတ်တွေ
မဟားဒရားတိုသွားပုံပင်။ထိုင်နေရာကနေထလာကာရှောင်းကျန့်ရှေ့တည့်တည့်လာရပ်တော့
ပိုလျှင်တဲ့ရှောင်းကျန့်ကဘီယာခွက်ကိုဉီးအောင်သိမ်းကာနောက်ဆုတ်လိုက်သည်။

အဂျစ်လေးဟာမိုက်တိမိုက်ကန်းဆန်စွာပဲ
ရှောင်းကျန့်ကိုင်ထားတဲ့ဘီယာခွက်ကိုလုယူခြင်း
လုပ်ငန်းစဉ်စတင်ပါတော့သည်။

"ပြန်ပေးလို့ပြောနေတယ်လေ...မပေးရင်..."

"မပေးရင်ဘာဖြစ်လဲ..."

"ဓားနဲ့ထိုးမှာ..."

လုရင်းပြုရင်းနဲ့ပဲယိမ်းထိုးနေတဲ့အမူးသမား
အဂျစ်လေးဟာရှောင်းကျန့်ပေါ်ပဲပလုတ်ခနဲ
အပုံလိုက်လေးပြုတ်ကျလာပါရဲ့။

ရှောင်းကျန့်ပုခုံးပေါ်လက်နှစ်ဖက်စုံတင်လို့
နဖူးပေါ်ပြိုကျနေတဲ့သူ့ဆံပင်တွေကိုသူ့ဘာသာ
နှုတ်ခမ်းလေးထော်လို့ဖူးခနဲ‌လေမှုတ်လိုက်ရင်း
မှုန်ကုတ်ကုတ်လေးငုံ့ကြည့်နေတဲ့ကောင်လေးဟာမကျေနပ်နိုင်သေးတာတော့အမှန်ပင်။

My baobei always thought that I didn't love him Tempat cerita menjadi hidup. Temukan sekarang