Episode-(19)

5.3K 315 37
                                    

Zawgyi Version

"ဒါနဲ့ ကိုကိုက လက်ထပ်ခွင့်တောင်းတယ်သာ
ပြောတယ်...ကျွန်တော့်အတွက် လက်စွပ်လဲ
ပါမလာဘူး...ဘယ်မလဲ ကျွန်တော့်လက်စွပ်..."

"နေဦးလေကွာ...နောက်လာမှာပေါ့..."

"ဘာကိုနေရမှာလဲ...ဘာကိုနေရမှာလဲလို့...
မနေနိုင်ပါဘူး...ကျွန်တော် လက်စွပ်လိုချင်တယ်
နော်...ပြောထားပြီးသား...ကျွန်တော့်ကို
လွယ်လွယ်ရတဲ့အထာနဲ့ ပေါ့တီးပေါ့ပျက်
လက်ထပ်ခွင့်တောင်းတာမျိုးတော့ နည်းနည်းလေးမှ
လက်သင့်မခံနိုင်ဘူး..."

"စိတ်ကြီးပဲ ကိုယ်တော်လေးက...ဒီက မင်းကိုကိုက
ပြင်သစ်ကို အော်ဒါလှမ်းအပ်ထားတယ်...ဟိုက
အမှီမပြီးသေးလို့ စောင့်နေရတဲ့ဟာ မင်းလေးက
သောင်းကျန်းလွန်းနေလို့ ခပ်စောစော ပရိုပို့စ်
လုပ်လိုက်ရတာ...မဟုတ်ရင် လက်စွပ်ရလာမှ
တစ်ခါတည်းလုပ်ဖို့ စီစဉ်ထားတာ..."

"ဈေးကြီးလား.."

"သုံးသိန်း..."

"ယွမ်လား..."

"စဉ်းစားလေ ရမလားလို့..."

"WTF!!! Seriously??? ဒေါ်လာသုံးသိန်း..."

"အင်း...စိန်က ဈေးကြီးတာ...တစ်ပွင့်ကောင်းပဲ
ယူလိုက်လို့ရယ်...ယောက်ျားလေးဝတ်တွေက
စိန်အများကြီးထည့်ရင် ကြည့်လို့မလှဘူးလေ
ပေါင်ပေ့ရဲ့..."

"ကောင်းတာပေါ့...နောက်ဆို ရန်ဖြစ်ရင်
လက်ကြီးထောင်ပြပြီးမှ ထိုးမယ်...ဒါငါ့ကိုကို
ပရိုပို့စ်လုပ်ထားတဲ့ ဒေါ်လာသုံးသိန်းတန်လက်စွပ်...
မင်းတို့ကောင်တွေ ဒါနဲ့အထိုးခံရတာ ဂုဏ်ယူလိုက်
ဆိုပြီးလေ..."

"အေး အဲ့လိုထိုးရင်းနဲ့ စိန်ပြုတ်ထွက်သွားကြည့်...
မင်းကို ကိုယ်ပြန်ထိုးမှာ..."

"ဘိုးတော်ကများ ရာရာစစ ကျွန်တော့်ကို
လက်ပါချင်တယ်ပေါ့လေ...စမ်းကြည့်လိုက်စမ်းပါ...
ထိလို့ရမလားလို့လေ...ခင်ဗျားလက်စွပ်ကြီးနဲ့
ခင်ဗျားကို ပြန်ကောက်ပေါက်မှာ ကြည့်နေ...
ဒေါ်လာသုံးသိန်းမကလို့ သုံးသန်းဖြစ်နေပါစေ
ဂရုကိုမစိုက်ဘူး...ရှင်းလား ဘိုးတော်..."

သူကျ စိတ်မထင်ရင်မထင်သလို ရှောင်းကျန့်ကို
ထုထောင်းရိုက်နှက်နေပြီး သူ့အလှည့်ကျတော့
သေးသေးတောင် အတင်မခံချင်တဲ့ ပေါင်ပေ့လေး
ရယ်ပါ။

My baobei always thought that I didn't love him Hikayelerin yaşadığı yer. Şimdi keşfedin