Episode-(5)

5.4K 578 56
                                    

Zawgyi Version

"လွယ်ကူတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်...
အချစ်ဆိုတာ ဘာများလဲတဲ့...အချစ်ဆိုတာက
အရသာတစ်မျိုးလား ဒါမှမဟုတ် ဆွဲဆောင်မှု
သက်သက်ပဲလား..."

တစ်နာရီအပြီးငှားထားတဲ့ကာရာအိုကေခန်းလေးမှာမျောက်မှိုင်မှိုင်နေတဲ့ဝူကျဲ့တို့သုံးယောက်သားဟာရိပေါ်အပြတ်ဟဲနေသမျှကိုတုပ်တုပ်တောင်
မလှုပ်ရဲပဲထိုင်စောင့်နေရသည်။

သူတို့လဲသီချင်းဆိုချင်ကဲချင်‌တာပေါ့။ဒါပေမယ့်
သူတို့ရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတာဘယ်သူမို့လို့လဲ။

သောက်ကျိုးတွေနည်းတဲ့ရှောင်းစနက်တံလေ!!!

ဒီမီးပွားစကြီးဟာသူတို့နဲ့ကာရာအိုကေခန်းတစ်ခုထဲမှာလားလားမျှသက်ဆိုင်မှုမရှိစည်းခြားထားသလိုတည်ရှိနေရခြင်းရဲ့အဓိကအကြောင်းပြချက်ဟာဝမ်ရိပေါ်ဆိုသည့်ချစ်စရာနွားကြောင့်ပင်။

"ကိုယ့်ရဲ့အချစ်ဦးနဲ့ တွေ့တွေ့ချင်းတော့
အချစ်ဟာသိပ်ကိုချိုမြိန်ခဲ့တာပေါ့...ဒါပေမယ့်
မကြာပါဘူး မုန်တိုင်းတွေထန်လာခဲ့တော့တာပဲ..."

မိုက်ကိုင်ထားတဲ့လက်သီးဆုပ်တစ်ဖက်ကိုရင်ဘတ်မှာကပ်ပြီးနောက်လက်တစ်ဖက်ကလောကကြီးကိုစိတ်ကုန်သလို stop sign နဲ့လက်ဖဝါးတစ်ဖက်ကာရင်းသဏ္ဍာန်လုပ်သရုပ်တူနေတဲ့
ဝမ်ရိပေါ်ကိုရှောင်းကျန့်ကတစ်ချက်လေးတောင်မော့မကြည့်။

"အချစ်ဆိုတဲ့အရာဟာ ပြာလဲ့ပြီးသာယာအေးချမ်းနေတဲ့ ကောင်းကင်ပြင်ကြီးမှာ
ရုတ်တရက် မိုးသက်လေပြင်းကျလာသလိုမျိုး...
ပြေးပုန်းစရာနေရာတောင်မရှိပဲ အမြဲတမ်းလူကို
မထင်မှတ်ထားတာတွေပဲ ကြုံတွေ့စေတယ်...
ခံလိုက်ရတဲ့သူမှာတော့ နှာစေးချောင်းဆိုး
ကိုယ်တွေပူပြီး နေမကောင်းချင်သလိုလို
ဖြစ်ကျန်ရစ်ခဲ့ရတယ်လေ...ပူလိုက်အေးလိုက်
ပျော်လိုက်မှိုင်နေလိုက်နဲ့ ရူးသွားမတတ်ပဲ..."

စာသားနဲ့အညီလက်ဖမိုးကိုနဖူးမှာကပ်ပြီး
ကိုယ်ပူရင်စမ်းသလိုမျိုးလုပ်ပြနေတဲ့ရိပေါ်ကို
ရည်ရွယ်ချက်ရှိရှိအလင်းမှိန်ချထားလို့ဖုန်း
စခရင်မှာရောင်ပြန်ဟပ်နေတဲ့ပုံရိပ်မှတဆင့်
ရှောင်းကျန့်အကုန်မြင်နေရပါတယ်။

My baobei always thought that I didn't love him Tempat cerita menjadi hidup. Temukan sekarang