Part-2

471 55 17
                                    


(Unicode)

မနေ့ည၁၂နာရီကျော်ကျော်လောက်တွင် ဖြောင်းချန်းဒုံရပ်ကွပ်ထဲက လမ်းကြားတခုတွင် သေဆုံးနေသူတဦးကိုတွေ့ရှိခဲ့ကြောင်း သတင်းပေးဖို့လာခဲ့ပါတယ်။သေဆုံးသူမှာ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အလုပ်ကအပြန်တွင်အသတ်ခံရကြောင်း လည်းသိရှိရပါတယ်။သေဆုံးသူရဲ့လည်ပင်းနဲ့ဝမ်းဗိုက်တို့တွင် ပြတ်ရှရာများတွေ့ရှိပြီး လက်နှစ်ဖက်တွင်လည်းကုတ်ခြစ်ရာများထပ်ပြီး တွေ့ရှိသေးသည်လို့လည်း ထပ်မံသိရှိရပါသေးတယ်။

"ဟျောင့်! ဟိုကောင်သတ်တာများလား?? ရားးးးးးဘတ်ခ်ဟျွန်း မင်းကြီးပဲစားမနေနဲ့လေကွာ! ငါ့လည်းနည်းနည်းကျွေးဦး"

နှစ်ယောက်သား ညစာစားအပြီးတွင် ဧည့်ခန်းမှာအသီးပန်းကန်ရှေ့ချပြီး သတင်းထိုင်ကြည့်နေတာကို အဲ့ဘတ်ခ်ဟျွန်းက အသီးပန်းကန်ကို သူပေါင်ပေါ်တင်ထားပြီး တယောက်ထဲထိုင်ကြိတ်စားနေတယ်။စိတ်ပေါက်ပေါက်နဲ့ထပြောပြီး မျက်စောင်းထိုးနေလိုက်တယ်။အဲ့တော့မှပဲ လူကိုတောင်းပန်ပြီး လာကျွေးတော့တယ်။

"ဟဲဟဲ ချောတီး ချောတီး ရော့စား"

သူလည်းယူစားလိုက်တော့....စိတ်အာရုံကနေအသံတခုကိုကြားလိုက်ရတယ်။

"မင်းသားလေး! မင်းကြီးကတိုင်းပြည်ကို ခနလောက်ပြန်လာခဲ့ပေးပါတဲ့ ပြောစရာရှိလို့ပါတဲ့"

နှစ်ယောက်လုံးထိုအသံကြားတော့ တယောက်မျက်နှာတယောက်ကြည့်ကာ မော့ငေါ့ပြတော့ ဘတ်ခ်ဟျွန်းက ချက်ချင်းထရပ်ပြီး...

"သွားရအောင်! ခမည်းတော် ဘာဖြစ်လို့လဲမသိဘူး?"

"အေး goမယ်"

နှစ်ယောက်လုံး အကျီမလဲတော့ဘဲ TVပိတ်ကာ အိမ်ရဲ့တံခါးမကြီးရှေ့တွင် မက်တပ်ရပ်နေကြတယ်။နောက်တော့ ဒိုယောင်းကတခုခုရေရွတ်လိုက်တော့ ပေါ်လာတဲ့ လေးထောင့်ပုံအမဲရောင်ကိုမှ အနီရောင်တွေအနားသက်ထားတဲ့အပေါက်ပုံစံတခုထဲကို နှစ်ယောက်လုံးဝင်လိုက်ကြတယ်။အိမ်ကတော့ ပြန်တိတ်ဆိတ်သွားလေရဲ့။

The little vampire is my soulmate(Complete)Where stories live. Discover now