Part-13

327 50 42
                                    


(Unicode)

ချန်းယောလ်အိမ်ရောက်တော့...

ဘတ်ခ်ဟျွန်းစိတ်ထဲတွေးမိသွားတာက...

*သူကတကယ့်ကိုသူဌေးသားပဲ...အိမ်ကြီးကလည်းအကြီးကြီးပဲ ငါတို့တိုင်းပြည်က ရဲတိုက်တခုစာလောက်တောင်ရှိတယ်*

အိမ်ကိုသေချာလိုက်ကြည့်နေတဲ့ ဘတ်ခ်ဟျွန်း။ဘတ်ခ်ဟျွန်းလက်ကိုတွဲထားပြီး အပြုံးရေးရေးပြုံးနေတဲ့ ချန်းယောလ်တို့ကို အိမ်နောက်ဖက်ကနေထွက်လာတဲ့ အိမ်တော်ထိန်းမင်တယောက် ကြောင်ကာရပ်ကြည့်နေမိတယ်။

နောက်တော့ မဝံ့မရဲနဲ့ပဲချန်းယောလ်တို့နားသွားကာ...

"သခင်လေး! ပြန်လာပါပြီလား?!"

"အော် အင်း အိမ်တော်ထိန်းမင် ညစာကို နှစ်ယောက်စာပြင်ပေးထားပါ သူကဒီမှာညအိပ်မှာမို့လို့"

"ဟုတ်...ဟုတ်ကဲ့ ဒါနဲ့သူက??"

ဘတ်ခ်ဟျွန်းကို သေချာကြည့်ပြီးမေးလာတော့ ချန်းယောလ်ကမိတ်ဆက်ပေးလာတယ်...

"သူကကျွန်တော့်......"

"မင်္ဂလာပါ! ကျွန်တော်နာမည်က ဗြောင်ဘတ်ခ်ဟျွန်းလို့ခေါ်ပါတယ် ချန်းယောလ်ရဲ့သူငယ်ချင်းပါ"

အပြုံးလေးနဲ့ပြောလာတဲ့ဘတ်ခ်ဟျွန်းကြောင့် အိမ်တော်ထိန်းမင်ကလည်း ပြန်ပြုံးပြကာ....

"ဦးလေးက အိမ်တော်ထိန်းမင်ပါ"

အပြန်အလှန်နှုတ်ဆက်နေကြတဲ့လူနှစ်ယောက်ကို ချန်းယောလ်ဒေါသထွက်စွာကြည့်နေမိတယ်...နောက်တော့ အိမ်တော်ထိန်းမင်က....

"သခင်လေးတို့နားရင်နားနှင့်ပါ ညစာစားချိန်ရောက်ရင်လာခေါ်ပါ့မယ်"

"အင်း"

ချန်းယောလ်က"အင်း"တလုံးတည်းပြောပြီး ဘတ်ခ်ဟျွန်းလက်ကိုဆွဲကာ အပေါ်ထပ်ကသူ့အခန်းဆီသို့တက်သွားတော့တယ်....

ကျန်ခဲ့တဲ့အိမ်တော်ထိန်းမင်ကတော့တခုခုကိုသဘောပေါက်နေတဲ့အပြုံးမျိုးပြုံးကာ တွေးနေလေရဲ့....

*အင်းးးသူဒီညတော့ စောစောအိပ်သင့်တယ်ထင်တယ်*
(ဘာကိစ္စ?!😐😐)

The little vampire is my soulmate(Complete)Where stories live. Discover now