Part-7

369 47 20
                                    


(Unicode)

ဘတ်ခ်ဟျွန်းတယောက် သူ့ကိုယ်ကိုဆွဲပြီး ဖက်ထားတဲ့လူကြောင့် ကြောက်လန့်တကြားသူအသိပြန်ဝင်ကာ မျက်လုံးအရောင်တွေပြန်ပြောင်းသွားမိပြီး မော့ကြည့်မိတော့...

ဟင်! နားကားကားနဲ့ ပတ်ချန်းယောလ်!...

သူမော့ကာ ကြည့်နေမိတုန်း ငုံ့ကြည့်လာတဲ့
ချန်းယောလ်ကြောင့် သူတို့အကြည့်ချင်းစုံမိသွားကြတယ်...

မျက်လုံးလုံးဝိုင်းဝိုင်းတွေက သူကိုဖမ်းချုပ်ထားတဲ့ထောင်ချောက်တခုလို ရုန်းထွက်လို့မရဖြစ်နေတယ်....

ချန်းယောက်သူရှေ့က ကောင်လေးကို သေချာကြည့်နေမိတယ်...စောနကသူမြင်လိုက်တာ မျက်ဝန်းနီနီတွေပါ...အခုကျတော့ မျက်ဝန်းပြာလေးတွေပါလား?!...ဘာလဲ?! သူအမြင်မှားတာလား?! မီးရောင်တွေကြောင့်များလား?! သေချာတာတော့ ချန်းယောလ် စိတ်ထဲတခုခုဖြစ်နေမိတယ်....

"ချန်းယောလ်ရှီး! ကျွန်တော်တို့ အပြင်မြန်မြန်ထွက်ရအောင်လေ"

ဘတ်ခ်ဟျွန်းပြောမှ သူအသိဝင်လာကာ....

"အင်း...ဒီတိုင်း ထွက်ရအောင်"

ဘတ်ခ်ဟျွန်းကိုပုခုံးကဖက်ပြီး အပြင်မြန်မြန်ထွက်ကာ ကားပါကင်စီလျှောက်လာခဲ့တယ်...

➖➖➖➖➖➖

ကားပါကင်ရောက်တော့ ဒိုယောင်းနဲ့ ဂျုံအင်ကိုတွေ့လိုက်ရတယ်...

ဒိုယောင်းကဘတ်ခ်ဟျွန်းကိုတွေ့တော့ အပြေးလေးလာကာ...

"ဘတ်ခ်ဟျွန်းနီး! မင်းဘယ်နားကျန်ခဲ့တာတုန်း?! ငါရှာတာမတွေ့တော့ ဘယ်လောက်စိတ်ပူသွားရတယ်ထင်လဲ!"

ဒိုယောင်းက စိတ်ပူစွာပြောတော့ ဘတ်ခ်ဟျွန်းက ပြုံးပြပြီး...

"ငါလှေကားနားမှ ဖုန်းပြုတ်ကြသွားလို့ကောက်ရင်းကျန်နေခဲ့တာပါ"

ထိုတော့မှ ဒိုယောက်ကစိတ်သက်သာဟန်နဲ့ သက်ပြင်းချလာတယ်...

The little vampire is my soulmate(Complete)Where stories live. Discover now