Part-17

297 40 19
                                    


(Unicode)

ချန်းယောလ်ကျောင်းဆင်းတော့ ဘတ်ခ်ဟျွန်းကိုဝင်ခေါ်မနေပဲ အိမ်တန်းပြန်လာခဲ့တယ်။

ဟုတ်တယ်လေ သူနေနိုင်မလားဆိုတာ ဒီနေ့က
တည်းကကြိုးစားကြည့်ရမယ်လေ။

*ဟူးးးးးးးးလွယ်မယ်တော့မထင်ဘူး*

တွေးရင်း အိမ်ရောက်တော့ ကားကို အိမ်ရှေ့စင်ဝင်အောက်ထိုးရပ်တော့ အမည်မသိကားဖြူတစ်စီးကိုတွေ့လိုက်ရ၏။

*ဘယ်သူများလဲ?!ဧည့်သည်ရောက်စရာလည်း အကြောင်းမရှိပါဘူး*

စဉ်းစားရင်း ချန်းယောလ်ကားပေါ်ကနေ လွယ်အိတ်ယူပြီး ဆင်းလာခဲ့တယ်။

အိမ်ရှေ့ဖိနပ်ချွတ်နေရမှာတွေ့ရလိုက်ရတဲ့ မိန်းမစီးဖိနပ်နှစ်ရံကြောင့် ချန်းယောလ်ကြောင်သွားကာ အိမ်ထဲပြေးဝင်တော့တယ်။

"ဟား ဟား နင့်သားကအလည်လေးပဲ"

"အေး ငယ်ငယ်တုန်းက သူ့ကိုတော်တော်ထိန်းခဲ့ရတာ"

ဧည့်ခန်းထဲမှာရယ်မောပျော်ရွင်စွာ စကားပြောနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ချန်းယောလ်ကြောင်ကြည့်နေမိတယ်။

လူရိပ်ကြောင့် စကားပြောနေကြတဲ့ အမျိုးသမီးနှစ်ယောက်က ဧည့်ခန်းပေါက်ဝကိုလှည့်ကြည့်လာတယ်။ထိုထဲမှ တစ်ယောက်ချန်းယောလ်ကိုတွေ့တော့ ပြုံးရွင်စွာ နေရာကနေထလာပြီး လာဖက်၏။

"သားလေး ဒီမှာနေရတာအဆင်ပြေရဲ့လား?! မာမီကသားကိုလွမ်းနေတာ"

ချန်းယောလ်လည်း မိခင်ဖြစ်သူကိုပြန်လည်ပွေ့ဖက်ကာအဆင်ပြေကြောင်း သူလည်းလွမ်းနေကြောင်းရွီးပြောရတော့တယ်။

ဟုတ်တယ်လေ ဘတ်ခ်ဟျွန်းကြောင့် မာမီတို့ကိုလွမ်းချိန်မရာတာ သူကိုယ်တိုင်သာအသိဆုံး။ပြောလိုက်ရင် မာမီစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ ရွီးလိုက်ရတယ်။

"ပြေပါတယ် မာမီရဲ့ ဒါနဲ့မာမီဘယ်တုန်းကပြန်ရောက်နေတာလဲ?! သားကိုဘာလို့ဖုန်းမဆက်တာလဲ?!သားလာကြိုမှာပေါ့"

"မာမီက သားကို surpriseလုပ်ချင်လို့ပါ ဒါကြောင့် သူငယ်ချင်းကိုပဲလာကြိုခိုင်းလိုက်တာ လာ...သားကို သူနဲ့မိတ်ဆက်ပေးမယ်"

The little vampire is my soulmate(Complete)Where stories live. Discover now