Part-9

349 48 28
                                    


(Unicode)

"Borrrrrrrrrrမင်း...မင်းက!!!!"

"ရှုးးးးးတိုးတိုးပြောပါ ချန်းယောလ်ကလည်း!"

ဟုတ်တယ်လေ သူတို့၂ယောက်အခုရောက်နေတာ
လူတွေရှိတဲ့ ကျောင်းကန်တင်းလေ...ဘယ်လောက်ပဲဂျောင်ကျတဲ့ထောင့်ဘက်တွေမှာ ထိုင်နေပါစေဦးတော့ အသံကြားတာနဲ့ လူတွေကလှည့်ကြည့်ကျတာပဲလေ အဲ့တာကို ချန်းယောလ်က အကျယ်ကြီးအော်နေတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့.....ဒါကြောင့်ဘတ်ခ်ဟျွန်းမှာ တိုးတိုးပြောခိုင်းနေရတာ...

ချန်းယောလ်လည်းလေသံပြန်လျော့ကာ...

"မင်း...မင်းက တကယ်ပဲ သွေး...သွေးစုတ်ဖုတ်ကောင်လား?!"

"Nae..."

ချန်းယောလ်အခုလုံးဝ ရှော့ဖြစ်နေရတယ်...
ဘာလို့ဆို အခုသူ့ရှေ့တည့်တည့်က လူကောင်သေးသေးနဲ့ကောင်လေးက သွေးစုတ်ဖုတ်ကောင်တဲ့!
*မဖြစ်နိုင်တာ! ဘယ်လိုလုပ် ဒီခေတ်မှာအဲ့ဟာတွေကရှိနိုင်ရမှာလဲ?! ဒီကောင်လေးလိမ်နေတာများလား?!*

"ငါမယုံဘူး! မင်းလိမ်နေတာမလား?!"

"ကျစ်! မယုံရင် သေချာကြည့်ဗျာ!"

ဘတ်ခ်ဟျွန်းလည်း စိတ်မရှည်စွာ လူတွေမမြင်အောင် မျက်လုံးအရောင်ပြောင်းပြီး အစွက်ထုတ်ပြတော့မှ ချနိးယောလ်တစ်ယောက်လန့်သွားကာ ထိုင်နေရင်း နောက်တောင်ယို့မိသွားတယ်...

"တကယ်ပဲ မင်းက သွေးစုတ်ဖုတ်ကောင်ပေါ့"

"ဟုတ်ပါတယ်ဆို"

နှုတ်ခမ်းဆူကာ ဆောင့်အောင်ပြောတော့မှ ချန်းယောလ် ချောင်းဟန်ကာ....

"အဟမ်း! sryပါ ငါတခါမှ အခုလိုကြီးမမြင်ဘူးတော့ နည်းနည်းအံ့ဩသွားမိလို့ပါ အဲ့တော့ မင်းသွေးစုတ်ဖုတ်ကောင်ဖြစ်တာနဲ့ ငါ့ကိုလိုချင်တာနဲ့ဘာဆိုင်လဲ?! မဟုတ်မှ ငါ့သွေးစုတ်ချင်လို့လား?!"

မျက်မှောင်ကျုံကာမေးလာတဲ့ ချန်းယောလ်ကြောင့်အခုမှလိုချင်တဲ့pointရောက်တာမလို့ ဘတ်ခ်ဟျွန်း ထိုင်နေရင် အရှေ့နည်းနည်းတိုးလာကာ လေသံလျော့ပြီး....

"သွေးကြောင့်လည်းဟုတ်တယ် နောက်ပြီး
ချန်းယောလ်က ကျွန်တော်ဝိညာဉ်ဖက်မို့လို့"

The little vampire is my soulmate(Complete)Where stories live. Discover now