Part-15

323 42 59
                                    


(Unicode)

နောက်တနေ့မနက်တွင်....
ဂျုံအင် အိမ်၌.....

မနက်ခင်းနေရောင်ခြည်က ကုတင်ပေါ်တွင်ဖက်အိပ်နေကျတဲ့ လူနှစ်ဦးပေါ်သို့ လာရောက် ကလူကျီစယ်လေသောအခါ အရင်ဆုံးနိုးလာရသူက အရက်သမားလေး အိုဆယ်ဟွန်းသာဖြစ်တယ်။

နိုးနိုးချင်း သူအပျင်းကြောဆန့်မယ်လုပ်တုန်းရှိသေး အနောက်ကနေ သူ့ခါးကနေဖက်တွယ်ထားမှုကို ခံစားမိတာကြောင့် သူငုံကြည့်မိတော့ ညိုဖျော့ဖျော့နဲ့အကြောအပြိုင်းပြိုင်းထနေတဲ့လက်တစ်စုံကိုတွေ့ရလေ၏။

အနောက်ကိုဖြေးဖြေးချင်း သူလှည့်ကြည့်မိတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် သူလန့်ကာ ထိုလူကိုစောင့်တွန်းမိလေတော့တယ်။

"အ့ အားးးးးးသေပါပြီကွာ"

"မင်း!မင်း! ဂင်ဂျုံအင်!မင်းဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေရတာလဲ?!"

ကုတင်ပေါ်ကနေ ပြောချင်ရာလျှောက်ပြောနေတဲ့အပြင် သူ့ရင်ဘက်ကိုလည်းစောင်နဲ့မရရအောင် ဖုံးတားသေးတဲ့ အိုဆယ်ဟွန်းပါလေ။

နာသွားတဲ့တင်ပါးကို ဂျုံအင်အသာဖိထားပြီး ကုတင်ပေါ်က အပျိုစင်ဘဝကိုဖျက်ဆီးခံရတော့မဲ့ မိန်းကလေးလို ကြောက်လန့်နေတဲ့ အိုဆယ်ဟွန်းကို အံကြိတ်ကာ ပြောလိုက်တယ်။

"မင်းရဲ့မျက်လုံးနဲ့သေချာကြည့်!!ဒါဘယ်သူအိမ်လဲဆိုတာ!!!"

ထိုတော့မှာ ဆယ်ဟွန်းက အခန်းပတ်ပတ်လည်လည်ကို ကျီးကန်းတောင်မှောက်လိုက်ကြည့်တော့တယ်။

"ဟင်?! ဒါ ဒါ ငါ့အိမ်မဟုတ်ဘူးလား?!"

"အေး!!!!"

ပိတ်အော်လိုက်တဲ့ဂျုံအင်ကြောင့်ဆယ်ဟွန်းမှာ ကြောင်ကြည့်နေရာကနေလန့်ဖြန့်သွားရတော့၏။

"မင်းလည်း ဖြေးဖြေးပြောမှပေါ့"

ဆယ်ဟွန်းကထိုသို့ပြောပြီး ကုတင်အောက်ဂျုံအင်ကို လက်ကမ်းပေးတော့ ဂျုံအင်ကမျက်မှောင်ကိုံကြည့်လာတယ်။

"ကိုင်လေ...မင်းမထနိုင်ဘူးမလား?!"

"မလိုဘူး!ငါဟာငါထနိုင်တယ်! မင်းသာမင်းအိမ်မင်းမြန်မြန်ပြန်တော့!"

The little vampire is my soulmate(Complete)Where stories live. Discover now