Part-11

330 44 48
                                    



(Unicode)

ဘတ်ခ်ဟျွန်းအိမ်ထဲရောက်တော့ ဒိုယောင်းကဧည့်ခန်းထဲထိုင်ပြီး တခုခုကိုတွေးနေတယ်ထင်ပါ့။သူဝင်လာတာတောင်မမြင်ဘူးလေ...

"ဒိုယောင်း!"

အနားသွားကာ ပုခုံးကို ကိုင်လိုက်တော့ တချက်တုန်သွားပြီး လှည့်ကြည့်လာတယ်...

"အော်...ဘတ်ခ်ဟျွန်း ပြန်ရောက်ပြီလား?!"

"အင်း...ပြောပါဦး ဘာတွေတွေးနေလို့ ငါဝင်လာတာတောင်မသိရတာတုန်း?!"

သူ့ဘေးနားဝင်ထိုင်ပြီးပြောလိုက်တော့...

"အင်း...ငါစဉ်းစားနေတာ ဒီနေ့ပတ်ချန်းယောလ်တို့နဲ့ပြိုင်တဲ့ပြိုင်ဘက်က အိုဆယ်ဟွန်းနော်?!"

"အေး ဟုတ်တယ်လေ"

"အေး အဲ့တယောက်နဲ့ဟိုကောင်နဲ့နာမည်ရော မျိုးရိုးရောကဆင်နေတယ်"

"ဟင်?! ဘယ်သူ....အာ....အိုဆယ်ဟိုကိုပြောတာလား?!"

"အင်း မင်းဘယ်လိုထင်လဲ?!"

"ငါလည်းအဲ့တာကို မသင်္ကာဖြစ်နေတာ အို.ဆယ်.ဟို!
အို.ဆယ်.ဟွန်း! မဟုတ်မှ အိုဆယ်ဟိုရဲ့ ရုပ်မတူတဲ့အမြွှာညီလား?!"

"ရုပ်ချင်းက သေချာကြည့်ရင် နည်းနည်းဆင်တယ်ကွ! ဒါဆို အိုဆယ်ဟွန်းက စုန်းလား?!"

"ဟင်?!"

တကယ်ကို စဉ်းစားစရာပါပဲ။နှစ်ယောက်ကနာမည်ရော မျိုးရိုးရော တူနေပေမဲ့ လောကမှာ နာမည်တူမရှား လူတူမရှားလေ။ဟူးးးးးးလူတယောက်ကိုဖမ်းဖို့က အဲ့လောင်တောင်ခက်ခဲသွားတာလား?!

ဒီနေ့တော့ နှစ်ယောက်လုံးအတွေးများစွာဖြင့် အိပ်စက်ခြင်းဆီသို့....

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

တဖက်တွင်......

"အကိုလေး!!အကိုလေးစုံစမ်းခိုင်းထားတာ ရပါပြီ ဒီမှာပါ"

"အင်း တာဝန်ကျေတယ် သွားတော့..."

အေးစက်စက် စကားသံတခန်းက မှောင်မဲနေတဲ့ အခန်းထဲက ထွက်လာတယ်။

လက်ထဲရောက်လာတဲ့ ပိုက်ဆံ တစ်ထပ် ကိုကြည့်ပြီး ပျော်နေတဲ့ထိုလူကတော့ ခေါင်းငုံကာ အပြင်ထွက်သွားပြီဖြစ်တယ်....

The little vampire is my soulmate(Complete)Where stories live. Discover now